အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေတဲ့သူတွေထဲမှာတော့ အိချောပိုက ထိပ်တန်းမင်းသမီးစာရင်းဝင်သူပဲ ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် အရည်အချင်းရှိပြီး ထက်မြက်တဲ့အိချောပိုက သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit- Ei Chaw Po's FB
Photo Credit- Ei Chaw Po's FB

အိချောပိုက သရုပ်ဆောင်ကောင်းတဲ့အပြင် ပြီးပြည့်စုံတဲ့ကောက်ကြောင်းအလှကိုပါ ပိုင်ဆိုင်ထားကြောင့် သူမကိုအားပေးဝန်းရံသူတွေက များပြားနေတာ ဖြစ်ပါတယ်။ တစ်မူထူးခြားပြီး စွဲမက်ဖွယ်ကောင်းတဲ့အလှတွေနဲ့ ညို့အားပြင်းပြင်း ဖမ်းစားတတ်တဲ့အိချောပိုကိုတော့ ယောက်ျားလေးပရိသတ်တွေက သည်းသည်းလှုပ်ဖြစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း အိချောပိုက ပုရိသတွေကြွေလောက်တဲ့ပုံလေးတွေကို အသစ်တင်လိုက်ပြန်ပါတယ်။

Photo Credit- Ei Chaw Po's FB
Photo Credit- Ei Chaw Po's FB
Photo Credit- Ei Chaw Po's FB

အိချောပိုက အဖြူရောင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီလေးကို အတွဲညီညီ ဝတ်ဆင်ပြီး စတိုင်ကျကျ ပို့စ်ပေးထားတာပဲ ဖြစ်ပါတယ်။ အိချောပိုက လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ မြင်သူငေးအောင်အရမ်းလှနေပြီး မျက်နှာလေးကအစ ကြည်လင်ဝင်းပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူစူလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Ei Chaw Po's FB 

Photo Credit- Ei Chaw Po's FB
Photo Credit- Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။