ပရိသတ်တွေရဲ့အချစ်ောတ် သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ဟန်ဆောင်မှုတွေကင်းပြီး ပွင့်လင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို အမြဲချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - RBV Photography
Photo Credit - RBV Photography

“ဗိုလ်နေတိုး” ဇာတ်ကားကြီးမှာ ကြေးစားလူသတ်သမားအဖြစ် သရုပ်ဆောင်ထားတဲ့ သုသုလေးကတော့ ရုပ်ရှင်အထူးပြပွဲမှာလည်း ကာရိုက်တာနဲ့ လိုက်ဖက်အောင် ယောကျ်ားလေးလို ဝတ်စားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ ပွဲတက်ရောက်လာပါတယ်နော်..။

ကြေးစားလူသတ်သမားမို့ ယောကျ်ားလေးလိုဝတ်စားထားပြီး လက်ကိုင်တာမကြိုက်တဲ့ ချစ်ဇနီးလေး သုသုအကြောင်းကို ဒါရိုက်တာဏကြီးက ရယ်မောကာ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit - RBV Photography
Photo Credit - Amazing Grace Photography

အက်ရှင်ဇာတ်ကားတွေကို မရိုက်ဖူးတဲ့ သုသုလေးကတော့ ဒီဇာတ်ရုပ်က သူမအတွက် ပထမဆုံးဇာတ်ကောင်ဖြစ်တာမို့ ဖျားသွားတဲ့အထိ အကောင်းဆုံးကြိုးစားထားပေမယ့် ဟာသဖြစ်သွားမှာ ကြောက်တယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒါရိုက်တာဏကြီးကတော့ သူအနေနဲ့ ချစ်ဇနီးလေး အခုလို မလုပ်ဖူးသေးတဲ့ ကာရိုက်တာအသစ်တစ်ခုကို လုပ်ခွင့်ရတဲ့အတွက် သဘောကျပြီး ကာရနိုက်တာတွေကို တစ်ခုနဲ့တစ်ခုမတူပဲ သရုပ်ဆောင်ခွင့်ရတာကို သဘောကျတဲ့အကြောင်းလေးကို ပြောပြထားကြတဲ့ သုသုနဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - RBV Photography
Photo Credit - RBV Photography

Photo Credit - RBV Photography ၊ Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။