ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမယ်လိုဒီကတော့ သားချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မေမေတစ်ယောက်ဖြစ်ပါတယ်နော်။မယ်လိုဒီက ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်ရင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဇာတ်ကားကြီးတွေကိုတော့မရိုက်တော့ပေမယ့် ကြော်ငြာတွေကိုတော့လက်ခံရိုက်ကူးပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

မယ်လိုဒီကတော့ ချစ်ခင်ပွန်းနဲ့သားလေးအပေါ်ကို လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေကတော့ မယ်လိုဒီကိုလည်း ယနေ့အချိန်ထိတစိုက်မက်မက်အားပေးကြသလို သူမရဲ့တစ်ဦးတည်းသောသားလေးကိုလည်း ချစ်ကြပါတယ်။သားချောလေးသိဒ္ဓိစစ်လေးကလည်း ထူးချွန်ထက်မြက်လို့ ကျောင်းမှာလည်း မကြာခဏဆုတွေရရှိပါတယ်နော်။

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

သိဒ္ဓိစစ်လေးက အသက်လေးငယ်သေးပေမယ့် မိဘအပေါ်မှာလည်းလိမ္မာသိတတ်ပြီး ဘုရားတရားလည်းကိုင်းရှိုင်းတတ်ကာ အေးအေးဆေးဆေးနေတတ်တဲ့ကလေးလေးဖြစ်ပါတယ်။အခုဆိုရင်တော့ သိဒ္ဓိစစ်လေးက စားဖိုမှူးကြီးတစ်ယောက်အသွင်နဲ့ တစ်ယောက်တည်း ဆော့ကစားနေပြီး ချက်ပြုတ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို မေမေမယ်လိုဒီက ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

Photo Credit:Actress Melody's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။