ပရိသတ်အချစ်တော် ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်လေးအဖြစ်စတင်ပြီး ပရိသတ်တွေရဲ့အချစ်ကို အရယူနိုင်ခဲ့သူလေး ဖြစ်ပါတယ်။ အနုပညာလောကကို ကလေးဘဝအရွယ်ကတည်းကဝင်ရောက်ခဲ့တဲ့ ယွန်းယွန်းက အနုပညာသက်တမ်းအတော်ကြာရှိနေပြီ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းယွန်းက သရုပ်ဆောင်မင်းသမီးလေးအဖြစ် ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။

Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB

မကြာခင်မှာ အသက် (၂၀)ပြည့်တော့မှာဖြစ်တဲ့ ယွန်းယွန်းက ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာမေဂျာအဓိကဖြင့် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ယွန်းယွန်းက ပညာရေးဘက်ကိုအာရုံစိုက်သလို အနုပညာအလုပ်တွေကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုတော့ ယွန်းယွန်းက တတိယနှစ်တက္ကသိုလ်စာမေးပွဲကို အောင်မြင်ပြီး စတုတ္ထနှစ်ဖြစ်တဲ့နောက်ဆုံးနှစ်ကို တက်ရောက်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB

ယွန်းယွန်းက " Road To Final Year " ဆိုတဲ့စာလေးကို သူမရဲ့ My Story မှာတင်ပြီး စာမေးပွဲအောင်သွားပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းယွန်းအနေနဲ့ ပွဲအခမ်းအနားလေးတွေ တက်ရောက်နေသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း နောက်ဆုံးနှစ်ကျောင်းသူလေးဖြစ်တော့မယ့် ယွန်းယွန်းအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြီဦးနော်။

Photo Credit-Yoon Yoon's FB 

Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB
Photo Credit-Yoon Yoon's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။