ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ စုံတွဲလေးကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ ကိုယ်စီအောင်မြင်မှုတွေ ရရှိထားကြပြီး လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးပါပဲနော်..။

ပရိသတ်အသည်းကျော်လေး သုသုနဲ့ ဦးရေခဲ စုံတွဲလေးကတော့ ချစ်စရာကောင်းပြီး ရိုမန်တစ်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကို အမြဲအားကျစေတဲ့ အနုပညာရှင်ဆယ်လီ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်နော်..။


Photo Credit – Paing Phyoe Thu's Facebook
Photo Credit – Paing Phyoe Thu's Facebook

တစ်ယောက်နဲ့တစ်ယောက် လေးစားချစ်ခင်ပြီး ဂရုတစိုက်ချစ်တတ်လွန်းကြတဲ့ သူတို့ဇနီးမောင်နှံစုံတွဲလေးကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေကို အားမကျပဲ မနေနိုင်အောင် လုပ်လိုက်ပြန်ပါတယ်နော်..။

သုသုရဲ့ ဦးရေခဲကြီးဖြစ်တဲ့ ဒါရိုက်တာဏကြီးကတော့ မီဒီယာတွေရှေ့မှာ အင်တာဗျူးဖြေနေတာတောင် ချစ်ဇနီးလေးရဲ့လက်ကလေးကို အနောက်ကနေ ဖွက်ပြီးကိုင်တာ ရိုနေတာမို့ ပရိသတ်တွေကတော့ သဘောအကျကြီး ကျနေကြတာ ဖြစ်ပါတယ်နော်..။


Photo Credit – RBV Photography
Photo Credit – RBV Photography
Photo Credit – RBV Photography

အင်တာဗျူးဖြေနေတဲ့ ချစ်ဇနီးလေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရင်း ကြည်နူးစွာပြုံးနေတဲ့ ဒါရိုက်တာဏကြီးရဲ့ အပြုံးလေးတွေထဲမှာ သုသုလေးကို ဘယ်လောက် ချစ်မြတ်နိုးလဲဆိုတာ ပရိသတ်တွေ အထင်းသားပေါ်လွင် တွေ့မြင်ရမှာပါနော်..။

ဒီကနေ့လေးမှာ ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ သုသုလေးနဲ့ မထင်ရလောက်အောင် ချစ်တက်လွန်းတဲ့ ဦးရေခဲကြီးဖြစ်တဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံလေးရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit – Paing Phyoe Thu's Facebook

Photo Credit – RBV Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။