ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူအသည်းကျော် အနုပညာရှင်တွေထဲမှာ စူပါမော်လ်ဒယ် မင်းသမီးချောလေး အနုပညာလောကမှာ အားလုံးက ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်..။
အချစ်တော်လေး ရွှေအိမ်စည်ကတော့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေရသူလေးပါပဲ..။
ပရိသတ်ကြီးရေ.. အားလုံးက စိတ်ဝင်စားနေတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အိမ်စည်လေးက သူမရဲကအချစ်ရေးလေးကို ချစ်ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းလေး ပြောပြလာခဲ့ပါတယ်နော်..။
အိမ်စည်လေးကတော့ သူမအနေနဲ့ အရင်ကတည်းက သိတဲ့လူဖြစ်ဖြစ် အခုမှ သိတဲ့လူဖြစ်ဖြစ် ကြိုက်တဲ့လူဆိုရင် မရမက ရအောင်ယူမှာဖြစ်ပြီး ပေးဆပ်ရတာမောလို့ ထိုင်ကြည့်ပြီးတော့လည်း မပေးဆပ်ချင်သလို ပိုင်ပဲပိုင်ဆိုင်ချင်တယ်ဆိုပြီး အချစ်နဲ့ သူမရဲ့ခံယူချက်လေးကို ပြောပြလာတာ ဖြစ်ပါတယ်..။
သူမက အတ္တသမားမို့ အတ္တကြီးလို့ ကိုယ့်လူကိုယ်ပိုင်ဆိုင်ချင်ပြီး ပိုင်ဆိုင်ပြီးတော့ အဝေးကနေလည်း အချစ်နိုင်တာမို့ အနားမှာထားပြီး ချစ်မယ်ဆိုပြီးပြောပြထားသလို အရမ်းကြီးအနေနီးတဲ့လူဆိုရင်လည်း အနားမှာအမြဲနေချင်လို့ အလုပ်တွေထိခိုက်မှာစိုးလို့ အဆင်မပြေဘူး ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။
ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းတဲ့ အိမ်စည်လေးရဲ့ အချစ်ရေးလေးကို ပွင့်လင်းစွာ ပြောပြထားတဲ့ ချစ်စရာအင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Shwe Eain Si’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။