ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးစိုးပြည့်သဇင်ဟာဆိုရင် ရိုးသားကြိုးစားပြီး အောင်မြင်မှုတွေကိုရရှိလာတာဖြစ်ပါတယ်။စိတ်ထားလေးကလည်းဖြူစင်နူးညံ့ပြီး သဘောထားလေးပြည့်ဝလို့ ပရိသတ်တွေရဲ့ချစ်မေတ္တာကိုလည်းပိုင်ဆိုင်ထားတာပါနော်။စိုးပြည့်သဇင်က အခုချိန်မှာဆိုရင် အနုပညာလောကမှာနေရာတစ်နေရာကနေရပ်တည်နေတဲ့ ရွှေမင်းသမီးလေးဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်လေးက မိဘအပေါ်မှာလည်း လိမ္မာသိတတ်ပြီးလုပ်ကျွေးပြုစုနေတဲ့သမီးလေးဖြစ်တာကြောင့် အောင်မြင်မှုတွေဆိုတာကလည်း မလျော့သွားဘဲပိုပိုပြီးတိုးလာတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာကြောင့် ရိုက်ကူးရေးတွေအတွက် ခရီးအမြဲတမ်းထွက်နေတာပါ။ခရီးထွက်တိုင်းလည်း ဖေဖေနဲ့မေမေ့ကိုပါ အပါခေါ်သွားပြီး မိသားစုသုံးယောက်မခွဲမခွာသွားကြတာဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

အခုဆိုရင်လည်း စိုးပြည့်တို့မိသားစုသုံးယောက်က ကော့သောင်းဘက်ကိုရောက်ရှိနေပြီး ပင်လယ်ကြီးရဲ့အလှအပတွေကို စိတ်ကြိုက်ခံစားရင်း ကျွန်းတွေကိုလည်ပတ်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ စိုးပြည့်လေးက ရေကူးဝတ်စုံလေးဝတ်ထားတာတောင် လုံလုံခြုံခြုံလေးနဲ့ရိုးရှင်းစွာချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။