ပရိသတ်ကြီးရေ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကို အမြဲတမ်းအံ့သြမှင်သက်သွားအောင် ပြုစားနိုင်စွမ်းရှိပါတယ်နော်။သင်ဇာက အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိကာ အနုပညာလောကမှာ နေရာတစ်နေရာနဲ့အောင်မြင်မှုတွေကို ရရှိလာခဲ့ပါတယ်နော်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ သင်ဇာက ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။သင်ဇာကတော့ အမြဲတမ်းဆန်းသစ်နေတဲ့ဒီဇိုင်းအလန်းတွေနဲ့ ခေါင်းအစခြေအဆုံးလှပပြီး လူအများကငေးမောနေရပါတယ်နော်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

အခုဆိုရင်လည်း သင်ဇာက ငွေဆောင်ကမ်းခြေကိုရောက်ရှိနေပြီး ကမ်းခြေအလှနဲ့အပြိုင် ညှို့အားပြင်းစွာအရမ်းလှနေတာဖြစ်ပါတယ်။အဖြူရောင်ဝတ်စုံလေးကိုဆင်မြန်းထားပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို အတိုင်းသားတွေ့မြင်နေရတာဖြစ်လို့ ပရိသတ်ကြီးလည်း သင်ဇာရဲ့အလှအပတွေကို ခံစားလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

Photo Credit:Thin Zar Wint Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။