သရုပ်ဆောင် မင်းသားကြီးလူမင်းကတော့ အနုပညာလောကမှာ အားလုံးကလေးစားချစ်ခင်ရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုပြီး ချောမောခန့်ညားနေဆဲဖြစ်တဲ့ လူမင်းက ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ လူမင်းက သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

လူမင်းရဲ့သမီးကြီး ဧရာဝတီလူမင်းနဲ့ သားငယ်လေး ဧဝရတ်လူမင်းတို့နှစ်ယောက်ကလည်း တကယ့်ကိုလိမ္မာရေးခြားရှိပြီး ထူးချွန်တဲ့ကလေးတွေဖြစ်ကြပါတယ်။ ပညာရေးမှာတော်တဲ့အပြင် ဘာသာတရားလည်းကိုင်းရှိုင်းကြတဲ့ လူမင်းရဲ့သားနဲ့သမီးကိုတော့ ပရိသတ်တွေက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း လူမင်းရဲ့သမီးလေးက English သီချင်းလေးတစ်ပုဒ်နဲ့ အထာကျကျ Tik Tok ကစားပြထားပါတယ်။

Photo Credit-Ayarwaddy LuMin's FB
Photo Credit-Amazing Grace
Photo Credit-Ayarwaddy LuMin's FB

ဧရာဝတီလူမင်းက သီချင်းတီးလုံးအတိုင်း ပုံစံလေးတွေပြောင်းပြီး Tik Tok ကစားပြထားတာလေးကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ လူကြီးလေးတစ်ယောက်လို အိုက်တင်လေးတွေအပီအပြင်လုပ်ပြထားတဲ့ လူမင်းသမီးလေးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းရဲ့သမီးလေး ဧရာဝတီလူမင်းရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Ayarwaddy LuMin's FB & Tik Tok 

Photo Credit-Amazing Grace
Photo Credit-Ayarwaddy LuMin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။