အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကိုမွေးဖွားပြီး မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ မြင်သူတိုင်းအသည်းယားချင်စရာကောင်းတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေးကတော့ အခုဆိုရင် ပရိသတ်တွေရဲ့အချစ်တော်ကလေးလေးဖြစ်လို့နေပါပြီ။ မေမေစန္ဒီမြင့်လွင်ကလည်း ချစ်ရတဲ့သမီးလေးကို Treasure ဆိုပြီး နာမည်လှလှလေးပေးထားပါသေးတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

ဒီနေ့မှာတော့ မေမေစန္ဒီမြင့်လွင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ သမီးလေးရဲ့ပုံအသစ်လေးတွေကို တင်ပေးထားပါတယ်။ " အခုဆိုရင်တော့ဖြင့် လာမယ့် အိုလံပစ်မှာ ယှဉ်ပြိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ရေကူးချန်ပီယံ တစ်တစ်တုတ်ကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ချန်ပီယံက အခုမှ ရေထဲ စဆင်းတာဖြစ်ပေမယ့် မငိုပါဘူး။ တော်တော်လေး သတ္တိကောင်းပါတယ်ခင်ဗျ။ ဒီအချက်တွေကြောင့်ပဲ လာမယ့်ပွဲစဉ်တွေမှာလည်း စောင့်ကြည့်ရမယ့်သူ တစ်ဦးဖြစ်နေပါပြီခင်ဗျ။ " ဆိုပြီး ရေကူးနေတဲ့သမီးလေးရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

ပထမဆုံးအကြိမ်အဖြစ် ရေထဲကိုစဆင်းတဲ့ Treasure လေးကတော့ ရေလုံးဝမကြောက်ဘဲ ရေထဲမှာဘောကွင်းလေးနဲ့ ဇိမ်ယူနေတာ ဖြစ်ပါတယ်။ ရေစိမ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကတော့ မချစ်ဘဲမနေနိုင်ရလောက်အောင်ကို လုံးလုံးကစ်ကစ်လေးနဲ့ အူယားစရာကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်သမီးလေးရဲ့ ရေကူးနေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Sandy Myint Lwin's FB 

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။