ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Gfatt ကတော့ လူငယ်ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။Gfattရဲ့ တေးသီချင်းလေးတွေက နားထောင်သူပရိသတ်ရဲ့ရင်ထဲကို တိုက်ရိုက်ဝင်ရောက်ပြီး အမြဲတမ်းနားထောင်လည်း မရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ Gfatt က အခုဆိုရင်တော့ မန္တလေးကိုရောက်ရှိနေပြီး မန္တလေးမြို့တစ်မြို့လုံးကိုလည်ပတ်နေတဲ့အချိန် ကြုံတွေ့လာရတဲ့ အဖြစ်အပျက်လေးကို အောက်ပါအတိုင်းပြောပြလာခဲ့ပါတယ်နော်။

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

"မန်းလေးက ပြန်မယ့် ည ဘက် သူငယ်ချင်းက ကားခဏပေးသုံးထားလို့ မြို့ပါတ်ပြီး ဒိုးနေတုန်း ဆီကုန်ခါနီးမို့ ဆီဝင်ထည့်တယ် သူ့ကားက 92 ထည့်ရမှာ ကိုယ်က ကိုယ့်ကားနဲ့မှားပြီး ဒီဇယ် ထည့်လိုက်မိတယ် အဲ့အထိလဲ သတိမထားမိဘူး .. ၃၅ လမ်းအတိုင်း တစ်ယောက်တည်းမောင်းလာတုန်း ၃၅ လမ်း ၆၂ ထောင့်လဲရောက်ရော ကားက မီးပွိုင့်ကြီးအလယ်မှာ ထိုးရပ်သွားပါလေရော .. စက်လဲပြန်နှိုးမရ သူငယ်ချင်းတွေဆီဖုန်းဆက်ဖို့ ကလဲ ဖုန်းအားက 2 % ပဲရှိတော့တယ် လမ်းက သူများဖုန်း ငှားဆက်ဖို့ကလဲ ဘယ်သူ့ဖုန်းမှလဲအလွတ်မရ ရှိတဲ့ 2% လေးနဲ့ သူငယ်ချင်းတစ်ယောက်ဆီအသဲအသန်ဆက်တယ် သကောင့်သားက မကိုင်ဘူး နောက်ကိုင်တဲ့တစ်ယောက်ကိုကျ အဖြစ်အပျက်ကို အမြန်ပြောလိုက်ရတယ် ပြောရင်း ဖုန်းက စက်ပိတ်သွားတယ် တဖက်က ကြားသွားလား မကြားသွားလား လဲမသိ နောက်ကားတွေကလဲ ဟွန်းတွေ အသေတီးနေပြီ"

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

"အဲ့မှ စတွေ့တာတာပဲ .. မီးပွိုင့်မှာ ပန်းရောင်းတဲ့ ခလေးတွေ ဘေးနားရောက်လာတယ် ကိုကြီး Gfatt ဘာဖြစ်လို့လဲ ဘာကူညီရမလဲဧပါ့ အဲ့တာနဲ့ "နောက်ကားတွေကို ဝိုင်းပြောပေးကြပါ ကိုကြီးကားပျက်နေလို့ ကျော်သွားကြပါလို့ " ဆိုပြီး အကူအညီတောင်းတော့ သံပြိုင်အော်ကြပါလေရော "ကိုGfatt ကားပျက်နေလို့ ကျော် သွားကြပါ ကျော်သွားကြပါ"တဲ့ ကားတွေရော ဆိုင်ကယ်တွေပါ ဘေးက ဝိုင်းကြည့်သွားကြတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိတော့ဘူး ခဏကြာတော့ အခြေအနေမဟန်တော့ဘူး အဲ့ခလေးလေးတွေက ကားကို ဝိုင်းတွန်းပေးမယ် တဲ့ လမ်းဘေးရပ်လိုက်ပါ ဆိုပြီး ဝိုင်းတွန်းကြပါလေရော .. အဲ့တာနဲ့ ကားလဲလမ်းဘေး ရောက် သူငယ်ချင်းတွေလဲ ရောက်လာကြတယ် .. အဲ့လမ်းမဘေးမှာပဲ ကားပြင်ကြတာပေါ့ ခလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Show ပွဲလက်မှတ်တစ်ယောက်တစ်ဆောင်နဲ့ အိင်္ကျီတွေ လက်ဆောင်ပေးလိုက်တယ် . ကိုကြီးပွဲလာခဲ့ကြနော် လို့ ပြောတော့ ..ဘာပြန်ပြောတယ်မှတ်လဲ .."ပန်းရောင်းတာ တစ်ရက်နားပြီး ကိုကြီးပွဲကိုလာခဲ့မယ် အပေါက်ဝ ကိုတော့ ထွက်ခေါ်ပေးနော်"တဲ့ အမှတ်တရ ညပါပဲ .. ကျေးဇူးရှင်လေးတွေလဲ နေ့တိုင်း ပန်းရောင်းကောင်းကြပါစေ"ဆိုပြီး စိတ်ချမ်းမြေ့စရာအဖြစ်အပျက်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

Photo Credit:G Fatt's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။