ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောလွန်းတဲ့အောင်လေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့အောင်လေးက အခုဆိုရင် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေရသလို မတူညီတဲ့ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ခဲ့နိုင်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို အခိုင်မာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit:Aung Lay facebook
Photo Credit:Aung Lay facebook

အောင်လေးကတော့ ခရီးတွေထွက်လိုက် ရိုက်ကူးရေးတွေ အနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်နေတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ နိုင်ငံခြားမင်းသားလားထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ အောင်လေးကတော့ သူ့ကို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အမြဲလိုလို tik tok ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။

Photo Credit:Aung Lay facebook
Photo Credit:Aung Lay facebook

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်အောင်လေးက ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် အောင်လေးရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:Aung Lay facebook
Photo Credit:Aung Lay facebook

Source:Aung Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။