အခုလက်ရှိမှာတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုက မင်းသားခန့်စည်သူ၊ မင်းသားထက်ယံ၊ မင်းသမီး သဇင်ထူးမြင့်တို့နဲ့အတူ ဇာတ်လမ်းတွဲလေးတစ်ခုကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားလေးတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်လာခဲ့တဲ့ အိချောပိုက အခုဆိုရင် ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ရုပ်သံဇာတ်လမ်းတွဲလေးတွေပါ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB

ဒီရက်ပိုင်းမှာတော့ အိချောပိုတစ်ယောက် ပရိသတ်တွေအလွမ်းပြေစေဖို့ ရိုက်ကွင်းက ပုံရိပ်လေးတွေနဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို ပုံမှန်တင်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း အိချောပိုက မင်းသားချောနှစ်ယောက်နဲ့အတူ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကို အသစ်မျှဝေထေားပါတယ်။ အိချောပိုက ခန့်စည်သူ၊ ထက်ယံတို့နဲ့အတူ သီချင်းလေးတွေကို အိုက်တင်အပီအပြင်လုပ်ပြီး Tik Tok ကစားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB

Tik Tok ဗီဒီယိုလေးတွေကို အိချောပိုက " ဆုံစည်းခွင့်ရှုတင်မှာ ဆုံတုန်းလေးအပျော်ပေါ့..." ဆိုပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အိချောပိုရဲ့အနားကိုကပ်နေတဲ့ ထက်ယံကို ခန့်စည်သူကလက်သီးနဲ့ထိုးဖို့ရွယ်နေတဲ့ပုံစံမျိုး သဘာဝကျကျ သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိချောပိုနဲ့ ခန့်စည်သူ၊ ထက်ယံတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Ei Chaw Po's FB 

Photo Credit-Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။