ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ ဆယ်စုနှစ်တွေကလည်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲရောက်ရှိခဲ့သူကတော့ မင်းဦးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ ပရိသတအချစ်ောတ် အနုပညာရှင်တစ်ဦးအဖြစ် ယနေ့အချိန်ထိ ရပ်တည်နေသလို ချစ်ဇနီးချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Min Oo’s Facebook
Photo Credit - Min Oo’s Facebook

မင်းဦးကတော့ သူ့ရဲ့ချစ်ဇနီးငယ်ငယ်လေးကို ချစ်မဝဖြစ်နေပြီး ချစ်ဇနီးလေး စိတ်ကုန်မသွားအောင် ဖန်တီးယူဖြစ်တဲ့ အောကာင်းလေးတွေကို အရွှန်းဖောက်ပြီး ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

သူ့ရဲ့ဇနီးချောလေး ငယ်တော့ နည်းနည်းလေး စိတ်မကုန်သွားအောင် ဖန်တီးယူပြီး နှစ်ယောက်တည်းပျော်စရာလေးတွေကို ဖန်တီးယူရတာမို့ စိတ်ညစ်စရာတွေလည်း ရှိသလို ပျော်စရာတွေလည်း ရှိကာ မင်္ဂလာပွဲကလည်း စလုပ်ကတည်းက အခက်အခဲလေးတွေနဲ့ အများကြီးတွေ့ကြုံခဲ့တယ်ဆိုတော့ အမြဲအမှတ်တရလေးတစ်ခု ဖြစ်နေချင်တဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Min Oo’s Facebook
Photo Credit - Min Oo’s Facebook

“တစ်ယောက်နဲ့တစ်ယောက် အခဆင်မပြေတာလေးတွေရှိပေမယ့် အဆင်ပြေတဲ့အချိန်လေးတွေမှာ အကောင်းဆုံးအမှတ်တရလေးတစ်ခုဖြစ်သွားအောင် ကြိုးစားတဲ့ သဘောပါပဲ အချစ်ရေးမှာ တစ်ယောက်တင်းရင် တစ်ယောက်က လျှော့ရတယ် ဒီလိုညှိပြီးသွားရတယ် အိမ်ထောင်သည်တွေဆိုတာလည်း ဒီလိုပါပဲ နားလည်မှုတွေနဲ့ ရှေ့ဆက်ရတာပေါ့ ..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ဇနီးချောနဲ့အတူ သူတို့အိမ်ထောင်ရေးအကြောင်းလေးကို ပြောပြထားပြီး “ဗိုလ်နေတိုး” ဇာတ်ကားအကြောင်းလေးကို ပြောပြထားတဲ့ မင်းဦးရဲ့ ဗီဒီယိုဖိုင်ကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Min Oo’s Facebook
Photo Credit - Min Oo’s Facebook

Photo Credit - Min Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။