တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုနဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဘွိုင်းအနေနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ ထိမ်းမြားလက်ထပ်ပြီး သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ချစ်ရတဲ့သမီးလေးနဲ့အတူ ပျော်ရွှင်နေရတဲ့ အာဘွိုင်းတို့မိသားစုလေးကတော့ တကယ့်ကိုကြည်နူးစရာကောင်းလှပါတယ်။

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

အခုတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံက ချစ်ရတဲ့သမီးလေးကိုခေါ်ပြီး စင်ကာပူနိုင်ငံကို ခရီးထွက်နေကြတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အာဘွိုင်းတို့မိသားစုလေးကတော့ အထင်ကရနေရာတွေကို စုံစုံလင်လင် လည်ပတ်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အာဘွိုင်းတို့မိသားစုလေးက ''Orchard Road'' မှာ လျှောက်လည်ခဲ့ကြပါတယ်။

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

မြတ်ရတနာကျော်က '' အလွန်တရာအဆော့မက် အလည်ကြိုက်သော မScarlett နဲ့ လမ်းလျှောက်ထွက်ခြင်း , လည်လည်သွားခြင်း '' ဆိုပြီး မိသားစုပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ သမီးလေးဖြစ်တဲ့ Scarlett လေးကတော့ ဖေဖေ၊မေမေတို့နဲ့အတူ လည်လည်ထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စင်ကာပူနိုင်ငံရောက် အာဘွိုင်းတို့မိသားစုလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Myat Yadanar Kyaw's FB

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။