မော်ဒယ်၊ မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ အလှမယ်တစ်ဦးအဖြစ်ကနေ နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေလုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ချပ်လျပ်လှပတဲ့ Body လေးနဲ့ စွဲမက်ဖွယ်အလှအပတွေကို ပိုင်ဆိုင်ထားတဲ့ အိမ်စည့်ကိုတော့ ပုရိသကိုကို၊မောင်မောင်တွေက အသည်းစွဲချစ်ခင်အားပေးနေတာ ဖြစ်ပါတယ်။ အိမ်စည်ကလည်း အရမ်းလန်းလွန်းတဲ့ ဖက်ရှင်တွေနဲ့ အမြဲတမ်း အပြတ်အသတ်လှနေတတ်တာ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Paing Takhon's FB

အိမ်စည်က သီချင်းဗီဒီယိုနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါတယ်။ လတ်တလောမှာ ကြော်ငြာတွေအများဆုံးရိုက်ကူးနေရတဲ့ အိမ်စည်က မင်းသားချောလေး ပိုင်တံခွန်နဲ့လည်း Photo Shooting တစ်ခု ရိုက်ကူးခဲ့ရပါတယ်။ အိမ်စည်နဲ့ ပိုင်တံခွန်တို့က ပုဂံခေတ်ကအပြင်အဆင်တွေနဲ့ 2020 Calendar အတွက် ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

အိမ်စည်က ပိုင်တံခွန်နဲ့ပုံရိပ်လေးတွေကိုတော့ '' ပုဂံနဲ့အရမ်းအကျိုးပေးတယ် ရတနာ စိန်ကျောက် ဇယ်တောက်ရင်းနဲ့ ချောကလက် ဒင်္ဂါးပြားလေးတွေစားရင်းပေါ့ 2020 Calenderလေးတစ်ခုပါပဲ #motivated'' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်တေ်ရဲ့အချစ်တော်လေးတွေဖြစ်တဲ့ ပိုင်တံခွန်နဲ့ ရွှေအိမ်စည်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Shwe Eain Si's FB & Paing Takhon's FB

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။