ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းလွန်းတဲ့ တိုင်းရင်းသူမင်းသမီးချောလေး နန်းခင်ဇေယျာကလည်း အပါအဝင်ပါပဲနော်..။

အချစ်တော်မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ အောင်မြင်တဲ့အနုပညာရှင်လေးတစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာ ဖြစ်ပါတယ်နော်..။

Photo Credit – Nang Khin Zay Yar’s Facebook
Photo Credit – Nang Khin Zay Yar’s Facebook

နန်းခင်လေးကတော့ ကိုရီးယားနိုင်ငံရဲ့နိုင်ငံကျော် မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa နဲ့တူတယ်ဆိုပြီး Fan တွေအချင်းချင်း ရန်ဖြစ်ကာ Troll ကြတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်နော်..။

Fan တွေအချင်းချင်း ရန်ဖြစ်တာကြောင့် စိတ်မကောင်ဖြစ်ပြီး Lisa နဲ့ တူတဲ့ ဆံပင်အတုကို မတပ်တော့တဲ့ အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit – Nang Khin Zay Yar’s Facebook
Photo Credit – Nang Khin Zay Yar’s Facebook

Lisa နဲ့တူတဲ့ ဆံပင်တုကို တပ်လိုက်တိုင်း ဓာတ်ပုံရိုက်လိုက်တိုင်း အောက်ကနေ တူတယ် တူတယ်နဲ့ ပြောနေကြတော့ Lisa Fan တွေအတွက်လည်း မကောင်းသလို နန်းခင် Fan တွေအတွက်လည်း မကောင်းဖြစ်ရပြီး တစ်ခါတစ်လေမှာ ဖန်တွေအချင်းချင်း ရန်ဖြစ်ကြတာတွေရှိလို့ စိတ်မကောင်းလို့ နောက်ပိုင်း အဲ့ဒီဆံပင်အတုကို လုံးဝမတပ်တော့တာ ဖြစ်သလို Lisa နဲ့ တူမှန်းလည်း ကိုယ့်ကိုကိုယ် မသိမှန်း Troll ခံရတာတွေမြင်တော့ စိတ်မကောင်းလို့ မတပ်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။

နန်းခင်လေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး “ဗိုလ်နေတိုး” ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Nang Khin Zay Yar’s Facebook
Photo Credit – Nang Khin Zay Yar’s Facebook

Photo Credit – Nang Khin Zay Yar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။