မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာနယ်ပယ်မှုလျှောက်လှမ်းလာခဲ့တာ နှစ်တွေအများကြီးကြာနေပြီဖြစ်လို့ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စိုးပြည့်လေးက ချစ်မကြီးစိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့လိုပဲ အနုပညာအရည်အသွေးအရမ်းကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်‌နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးလေးလည်းဖြစ်တဲ့ စိုးပြည့်က စိတ်ထားလေးကလည်းဖြူစင်နူးညံ့ကာ အေးအေးဆေးဆေးနေတတ်သူလေးဖြစ်တာ‌ကြောင့်လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။စိုးပြည့်သဇင်ကတော့ မိဘအပေါ်မှာလည်း လိမ္မာသိတတ်ပြီး သူမရဲ့အနုပညာကြေးလေးတွေနဲ့လုပ်ကျွေးပြုစုနေကာ မိဘစကားမြေဝယ်မကျနားထောင်တဲ့သမီးလိမ္မာလေးပါနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေတဲ့ စိုးပြည့်သဇင်က မိဘနှစ်ပါးနဲ့အတူ ခရီးတွေထွက်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကော့သောင်းခရီးစဉ်မှာ နေရာအနှံ့ကိုလျှောက်သွားပြီး ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေတဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်‌ကြီးအတွက်မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။