မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ နိုင်ငံတကာနဲ့ပါ လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတဲ့ ရွှေကစ်ကတော့ '' လိပ်ပြာစံအိမ် '' ဇာတ်ကားကြီးနဲ့ အတော်လေးအောင်မြင်မှုရနေတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ရွှေကစ်နဲ့ ကိုရီးယားမင်းသားလေးတို့ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကသစ်ကြီးက ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Photo Credit - Haw
Photo Credit - Haw

ရွှေကစ်လေးက အသားအရေ ဖြူဖွေးဝင်းဥသူလေးဖြစ်တာကြောင့် ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်နေတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ်လေးနဲ့လှတဲ့ ကစ်က အသက် (၃၀)ကျော်သွားတောင်မှ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပါတယ်။ အခုလည်း ကစ်က စတိုင်ကျတဲ့ဖက်ရှင်လေးနဲ့ ပရိသတ်တွေအသည်းကြွေသွားအောင် ဖမ်းစားလိုက်ပါတယ်။

Photo Credit - Haw
Photo Credit - Haw
Photo Credit - Haw

ရွှေကစ်လေးက Long Coat လေးဝတ်ပြီး လည်ပင်းမှာ မာဖလာလေးစည်းကာ ဖက်ရှင်ဘုရင်မလေးဆိုတဲ့အတိုင်း ဖက်ရှင်ကျလို့နေတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက ပြင်ဦးလွင်မြို့ရဲ့ စိမ်းစိုလှပပြီး အေးချမ်းသာယာတဲ့နေရာလေးမှာ ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Haw

Photo Credit - Haw
Photo Credit - Haw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။