ပရိသတ်တွေအရမ်းသဘောတူပြီး ချစ်ကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲလေးဟာဆိုရင် အေးအတူပူအမျှနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာကြလို့ အားကျစရာကောင်းတဲ့စုံတွဲလေးဖြစ်ပါတယ်။ဘေဘီမောင်တို့ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြလို့ နားလည်မှုလည်းရှိကြပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါတယ်နော်။

Photo Credit:Thar Gan's Facebook
Photo Credit:Thar Gan's Facebook

ဘေဘီမောင်နဲ့သားဂန်းတို့က မနဲ့မောင်စုံတွဲလေးဖြစ်ပေမယ့်လည်း သားဂန်းက ချစ်သူဘေဘီမောင်ကို အလျော့ပေးအလိုလိုက်ကာ မျက်နှာတစ်ချက်မညှိုးအောင်ထားတာဖြစ်ပါတယ်။ဘေဘီမောင်ကလည်း သားဂန်းအပေါ်ချွဲနွဲ့တတ်ပေမယ့် အကြီးပီပီ ဆိုဆုံးမပေးပြီးလမ်းပြပေးတဲ့မမပါနော်။ဘေဘီမောင်တို့နှစ်ယောက်လုံးက အချစ်တွေနဲ့ပြည့်နေကြတဲ့စုံတွဲလေးဖြစ်လို့ မြင်ရတဲ့ပရိသတ်တောင်ကြည်နူးရပါတယ်။

Photo Credit:Thar Gan's Facebook

သားဂန်းကတော့ ထားဝယ်သားလူရိုးလေးဖြစ်ပေမယ့် တစ်ခါတစ်လေအရမ်းရိုတတ်တဲ့သူပါနော်။အခုဆိုရင်လည်း သားဂန်းက"ချစ်သူကိုကြည့်ရင်းနဲ့ပိုလှလှလာလေတစ်နေ့တခြားဆုံးရှုံးရမှာကိုကြောက်မိလာတယ်"ဆိုပြီး ချစ်သူကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးစေတဲ့စကားလေးဆိုပြီး နှစ်ယောက်စုံတွဲပုံလေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလာပါတယ်နော်။

Photo Credit:Thar Gan's Facebook
Photo Credit:Thar Gan's Facebook
Photo Credit:Thar Gan's Facebook

Photo Credit:Thar Gan's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။