ပရိသတ်ကြီးရေ.. Myanmar Idol ကနေ နှုတ်ဆက်ထွက်ခွာသွားရပြီဖြစ်တဲ့ အမိုက်စားအဆိုတော်ချောလေး နေလင်းကျော်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

အသံပါဝါကောင်းကောင်းနဲ့ နေလင်းကျော်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝပိုင်ဆိုင်ထားသလို အနုပညာရှင်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ရရှိထားတာ ပရိသတ်တွေမြင်တွေ့မြင်ရမှာပါနော်..။

Photo Credit – Nay Lin Kyaw’s Facebook
Photo Credit – Nay Lin Kyaw’s Facebook

ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့ နေလင်းကျော်အတွက် ပရိသတ်တွေနဲ့ အနုပညာတွေက စိတ်မကောင်းဖြစ်ကာ အားပေးဝန်းရံကြသလို မိတ်ကပ်ပညာရှင်တွေဖြစ်ကြသလို ဆယ်လီအနုပညာရှင်တွေဖြစ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)၊ လင်းလင်းနဲ့ မထက်တို့ကလည်း ဝန်းရံအားပေးကြပါတယ်နော်..။

အခုတစ်ခါမှာလည်း အခမ်းအနားပွဲလေးတက်ရောက်ရင်း အတူဆုံခဲ့ကြသူတို့တတွေကတော့ နေလင်းကျော်ကို ဝန်းရံအားပေးရင်း အူတက်နေအောင် ခွီနေကြတဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit – Nyi Nyi Maung's Facebook
Photo by Myanmarload

ပွင့်လင်းပြီး အမြဲခွီနေရတဲ့ သူတို့သုံးယောက်ကတော့ နေလင်းကျော်ကိုအားပေးဝန်းရံတဲ့ အမာခံပရိသတ် ၃ ယောက်ပါဆိုပြီး လူက ပထမ အနုပညာက ဒုတိယ ဆိုပြီးတော့လည်း သုံးယောက်သား စနောက်ထားကြသလို နေလင်းကျော် ရဲ့ ပေါင်ကို မထက်ယူ၊ ခေါင်းကို လင်း ယူမယ်၊ ခန္ဓာကိုယ် ကို သုသု ယူ ဆိုပြီး အချင်းချင်း စနောက်နေကြတာကလည်း တကယ်ကို ခွီနေရပါတယ်နော်..။

ပွင့်လင်းပြီး ချစ်စရာကောင်းစွာနဲ့ အချင်းချင်း စေနာက်နေကြတဲ့ သုသုတို့ သူငယ်ချင်းသုံးယောက်နဲ့ နေလင်းကျော်တို့ရဲ့ အခွီဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေအားလုံးပဲ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo by Myanmarload
Photo by Myanmarload

Photo Credit – Nyi Nyi Maung & Nay Lin Kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။