တည်ကြည်ခန့်ညားတဲ့မျက်နှာလေးကြောင့် နှုတ်ခမ်းနီမလေးတွေကြွေနေရသူလေးကတော့ သရုပ်ဆောင်နေတိုးပါ။ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတာပါ။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကြီးတွေရုံတင်နေတာပါ။

Photo Credit - Nay Toe’s Facebook Page
Photo Credit - Nay Toe’s Facebook Page

မကြာသေးခင်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာပုံရိပ်လေးတွေနတင်ထားတာပါ။ဒါကတော့ " မှတ်မှတ်ရရ ဒီနေ့ကျရောက်တဲ့(၉၉)ကြိမ်မြောက်အမျိုးသားနေ့မှာ ရုံတင်ပြသခွင့်ရသောရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ရင်ထဲမှာခံစားမှုများပေါက်ဖွားလာခြင်းကြောင့်အနည်းငယ်ရင်ဖွင့်ခွင့်ပြုပါ 

Photo Credit - Nay Toe’s Facebook Page
Photo Credit - Nay Toe’s Facebook Page

မူးယစ်ဆေးဝါးကြောင့် မိမိပတ်ဝန်းကျင် မှာဆိုးရွားတဲ့ခံစားမှုတွေအဖြစ်အပျက်မျိုးစုံတွေမြင်ဖူးကြားဖူးကြမှာပါ အဲဒီမူးယစ်ဆေးဝါးကြောင့် ကိုချစ်ရတဲ့ကို့ မိသားစုညီအကိုမောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေကြား ဆိုးရွားတဲ့ခံစားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေ မတတ်သာလို့ဝဋ်ကြွေးတွေရှိခဲ့ရင်ကြေပါစေတော့လို့ပူဆွေးသောကကြီးစွာမျက်ရည်တွေနဲ့နေ့တိုင်းဆုတောင်းပေးခဲ့ရတဲ့မိဘတွေအများကြီးရှိကြမှာပါ မိမိနိုင်ငံအတွက်အနာဂတ်မှာအားကိုးအားထားရမဲ့လူငယ်တွေအချိန်မတန်ခင်ဘဝပျက် အသက်ပေး ကြွေလွင့်ခဲ့ရတဲ့လူတွေလဲ အများကြီးရှိခဲ့ပါတယ် အခုလဲရှိနေတုန်းပဲဆိုတာ အားလုံးမြင်နေကြားနေရတဲ့အတိုင်းပါပဲ အင်း......လက်ဝယ်တွေ့ရှိမှု သုံးစွဲမှုပေါင်းများစွာကို ကြိုးစားဖမ်းဆီး နေကြပါတယ်ဆိုပေမဲ့ သုံးစွဲသူတွေဆီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲလို့အဖြေရှာရင်း ပိုင်ရှင်မဲ့ဖြစ်ခဲ့ရတဲ့အခြေအနေတွေကိုမြင်ဖူးကြားဖူးခဲ့ကြလို့ ခံပြင်းဒေါသစိတ်တွေကိုမြိုချခဲ့ရတဲ့အချိန်တွေလဲရှိခဲ့ကြပါတယ်ပြော

ချင်တာက ဗိုလ်နေတိုးဆိုတဲ့ဇာတ်ကောင်ဟာ

ဒီလိုခံစားမှုတွေ ဒီလိုပြဿနာတွေကိုအဖြေရှာဖြေရှင်းဖို့ကြိုးစားရင်း ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့်အချိန်တစ်ခုကိုပေးဆပ်လိုက်ရပေမဲ့ မာန်မလျှော့ပဲ နောက်ဆုံးမှာတော့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်ဆိုသလိုအားလုံးနဲ့ပူးပေါင်းပြီးအမြစ်ဖြတ်သုတ်သင်ပေးနိုင်ခဲ့ပါတယ် ဒီလိုလုပ်လိုက်နိုင်ခဲ့ကြလို့လဲပရိသတ်ရဲ့လက်ခုပ်သံတွေကိုလဲအချိန်ကြာကြာကြားခဲ့ရပါတယ် ဒါပင်မယ့် ဒါဟာရုပ်ရှင်ပါ ကျွန်တော်တွေးနေမိတာက ရုပ်ရှင်ကိုရုပ်ရှင်လိုပဲထားလိုက်ကြတော့မှာလား အပြင်မှာရုပ်ရှင်ထဲကလိုတကယ်မဖြစ်နိုင်တော့ဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါ သရုပ်ဆောင်တယောက်အနေနဲ့မိမိဇာတ်ကောင်စရိုက်ကိုအသက်သွင်းပုံဖော်သရုပ်ဆောင်ပြီးအတတ်နိုင်ဆုံးသုတရသပါဝင်နိုင်တဲ့ဇာတ်လမ်းတွေကိုရွေးချယ်ရိုက်ကူးတင်ဆက်ရုံကလွဲလို့မတတ်နိုင်ပါ ဒါပေမဲ့ပြည်သူတွေထဲကပြည်သူတစ်ယောက်အနေနဲ့တော့ရုပ်ရှင်ရုံထဲမှာကြားခဲ့ရတဲ့ပရိသတ်ရဲ့လက်ခုပ်သံတွေလိုမျိုးလက်ခုတ်တီးခွင့်တွေကိုလိုချင်နေမိပါတယ် မူးယစ်ကင်းစင်ပြီးကျမ်းမာပျော်ရွှင်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဗိုလ်နေတိုးရှပ်ရှင်နဲ့အတူဆုတောင်းမေတ္တာပို့သရင်း....နေတိုး" ဆိုပြီးရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

Source- Nay Toe’s Facebook Page

Photo Credit - Nay Toe’s Facebook Page

Photo Credit - Nay Toe’s Facebook Page
Photo Credit - Nay Toe’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။