ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီကတော့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ကျော့ရှင်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါပဲ..။

Photo Credit – Amazing Grace Photography
Photo Credit – Melody Myo’s Facebook

ပရိသတအချစ်တော်မယ်လိုဒီကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်ကာ အခမ်းအနားပွဲတွေကို တက်ရောက်ဖြစ်နေပြီး Myanmar Idol မှာတော့ ကျော်ထက်အောင်ကိုပဲ ကြိုက်တယ်လို့ ပြောပြလာခဲ့ပါတယ်..။

ပြိုင်ပွဲဝင်တွေနဲ့ အခြားလူတွေက ထွက်တာတို့ ဝင်လာတာတို့ဆိုရင် ခံစားရတာပြီး လူတစ်ကိုယ်အကြိုက်တစ်မျိုးစီမို့ မပြောင်းလဲတဲ့ ကျော်ထက်အောင်ကိုပဲ ကြိုက်တယ်ဆိုပြီး အရွှန်းဖောက်ပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit – Melody Myo’s Facebook
Photo Credit – Melody Myo’s Facebook

မယ်လိုဒီကတော့ လာမယ့်ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိပြီး ရိုက်မယ့် နှစ်ကားလုံးက သူမအနေနဲ့ တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာမျိုးဖြစ်တဲ့ အကြောင်းလေးကိုလည်း ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့မယ်လိုဒီရဲ့ အသည်းကျော် ပရိသတ်တွေအတွက် သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေနဲ့ Myanmar Idol မှာ ကျော်ထက်အောင်ကို ကြိုက်တယ်ဆိုပြီး အရွှန်းဖောက် ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Amazing Grace Photography
Photo Credit – Melody Myo’s Facebook

Photo Credit – Melody Myo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။