ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ကျော့ရှင်းပြီး အရွယ်နဲ့မလိုက်အောင် လှရက်လွန်းနေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောကတော့ အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်..။

ဖက်ရျင်ဘုရင်မ အလှဘုရင်မလို့ ပရိသတ်တွေတင်စားထားတဲ့ အိန္ဒြာကျော်ဇင်ကတော့ အခုတစ်ခါမှာ စူပါမော်လ်ဒယ်မင်းသမီးချောတစ်ဦးဖြစ်တဲ့ ရွှေစည်အိမ်ရဲ့အလှတွေကို ချီးကျူးပြောပြလာခဲ့ပါတယ်နော်..။

Photo Credit – Li John Photography
Photo Credit - Eaindra Kyaw Zin's Facebook

“ကြိုးဖုန်း” ဇာတ်ကားအတူရိုက်ရင်း ရွှေအိမ်စည်က အရမ်းလှလို့ လှလိုက်တာ လှလိုက်တာဆိုပြီး ရွှေအိမ်စည်ကို တစိမ့်စိမ့်ကြည့်ရင်း ဇာတ်ကားရိုက်ခဲ့ရတဲ့ အကြောင်းလေးကို ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအနေနဲ့ မပြောတက်ပေမယ့် သူမကတော့ ဇာတ်ကားရိုက်ကတည်းက ရွှေအိမ်စည်ရဲ့အလှကို တစိမ့်စိမ့်ကြည့်ရင်း ရိုက်ခဲ့ရတာမို့ “ကြိုးဖုန်း” ဇာတ်ကားမှာ ရွှေအိမ်စည်ရဲက အလှတွေကို မြင်တွေ့ရမှာဆိုပြီးတော့လည်း ပြောပြထားပါတယ်နော်..။

Photo Credit – Li John Photography
Photo Credit – Li John Photography

အောင်ရဲထွေးနဲ့ပတ်သက်ပြီးတော့လည်း “အောင်ရဲထွေးက အရမ်းခင်ဖို့ကောင်းတယ် ပိုဆိုးတာက အုပ်စုလိုက်အမြဲရိုက်ရပြီး ကားရိုက်တဲ့ အိမ်ကြီးကခြောက်ခြားစရာကောင်းတာမို့ အုပ်စုလိုက်ကြီး အမြဲနေကြကာ ညဘက်တွေမှာလည်း ဟာသတွေလည်း ပြောကြပြီး အုပ်စုလိုက်နေတဲ့အချိန်များတော့ သူဆုံးသွားတာ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ် သူလည်းအနုပညာအရည်အချင်းရှိတဲ့ ကောင်လေးဖြစ်တာမို့ ဒီလိုလူမျိုးဆုံးရှုံးသွားတဲ့အတွက် နှမျောစရာကောင်းတယ်..” ဆိုပြီးတော့လည်း စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်..။

ရွှေအိမ်စည်ရဲ့ အလှနဲ့ ပတ်သက်ပြီး ပြောပြထားသလို အောင်ရဲထွေးနဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြထားတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Li John Photography
Photo Credit – Li John Photography

Photo Credit – Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။