သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေကကြည့်ရှုပြီး အမြဲအသည်းယားအောင် လုပ်နိုင်သူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးပါ။ သားလေးကိုတော့ နှစ်ဖက်မိဘဆွေမျိုးတွေသာမကပဲ လူတိုင်းက ချစ်ခင်နေတာပါ။ လီလီလုံးလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းပဲပြည့်ဝနေသူလေးပါ။ 

Photo Credit - Yun Waddy Lwin Moe’s Facebook Page
Photo Credit - Yun Waddy Lwin Moe’s Facebook Page
Photo Credit - Yun Waddy Lwin Moe’s Facebook Page

လတ်တလောမှာလည်း ဖေဖေနဲ့မေမေကအလည်အပတ်ရောက်ရှိနေတာကြောင့် ပျော်ရွှင်နေတာပါ။ ခေးလေးတို့ဇနီးမောင်နှံဟာလည်း သားလေးကိုအချိန်ပြည့်အမြဲဂရုစိုက်ပြုစုနေတာပါ။ သူတို့ရဲ့မိသားစုလေးကိုကြည့်ပြီး ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။ 

Photo Credit - Yun Waddy Lwin Moe’s Facebook Page
Photo Credit - Yun Waddy Lwin Moe’s Facebook Page
Photo Credit - Yun Waddy Lwin Moe’s Facebook Page

အခုမှာလည်း သားလေးရဲ့ဗီဒီယိုလေးကိုမေမေယွန်းဝတီလွင်မိုးရဲ့ Facebook Page မှာတင်ထားတာပါ။ ဒါကတော့ မေမေတို့နဲ့အတူညစာစားသောက်နေရင်းနဲ့ အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေ လုပ်ပြနေတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Yun Waddy Lwin Moe’s Facebook Page

Photo Credit - Yun Waddy Lwin Moe’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။