ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်ရတနာမိုင်ဟာဆိုရင် သူမငယ်ရွယ်စဉ်အချိန်ကတည်းက တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပြီး သူမရဲ့ချစ်မေမေနဲ့လည်း သီချင်းအတူတူသီဆိုပါတယ်နော်။ရတနာမိုင်က ယနေ့အချိန်ထိအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Yadanar My's Page
Photo Credit:Yadanar My's Page

ရတနာမိုင်တို့သားအမိနှစ်ယောက်လုံးကို ပရိသတ်တွေကချစ်ခင်အားပေးကြကာ သားအမိနှစ်ယောက်ရဲ့ချစ်ခင်ကြင်နာပုံလေးတွေကိုကြည့်ပြီး အားကျနေရတာဖြစ်ပါတယ်။ရတနာမိုင်ကလည်း မေမေ့စကားကို မြေဝယ်မကျနားထောင်တဲ့သမီးအလိမ္မာလေးဖြစ်ပြီး သူမရဲ့အနုပညာကြေးလေးတွေနဲ့ မေမေ့ကိုလုပ်ကျွေးပြုစုနေတာကြောင့် သူမရဲ့အောင်မြင်မှုတွေကလည်းမကျသွားဘဲ ပိုပိုပြီးအောင်မြင်လာတာပါနော်။

Photo Credit:Yadanar My's Page
Photo Credit:Yadanar My's Page

ရတနာမိုင်က ဘယ်သွားသွား၊ဘယ်လာလာ မေမေနဲ့အတူတူ သွားလာပြီး ပွဲအခမ်းအနားတွေတက်ရောက်တိုင်းမှာလည်း ချစ်မေမေရဲ့လက်ကိုချိတ်ပြီး တက်ရောက်တာပါနော်။အခုဆိုရင်လည်း ဖျော်ဖြေပွဲမှာ သီချင်းဆိုနေတဲ့ သမီးချောလေးရတနာမိုင်ကို စင်အောက်ကနေပြီး ပီတိဖြစ်နေတဲ့မျက်ဝန်းလေးနဲ့ကြည့်နေတာကြောင့် မိခင်မေတ္တာကိုထင်ဟပ်နေတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yadanar My's Page
Photo Credit:Yadanar My's Page
Photo Credit:Yadanar My's Page

Photo Credit:Yadanar My's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။