ပရိသတ်အချစ်တော် မြင့်မြတ်နဲ့သက်မွန်မြင့်ကို ဘာလာလာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ထပ်မံမြင်တွေ့ရမှာပါ။လက်ရှိမှာတော့ မြင့်မြတ်က “မင်္ဂလာကုတင်”အမည်ရှိ ဇာတ်ကားကို ဝတ်မှုန်ရွှေရည်နဲ့အတူ ရိုက်ကူးနေပြီးယခုလ ၁၅ရက်နေ့တွင် ပြီးဆုံးမယ်လို့သိရပါတယ်။

ဘာလာလာ ရုပ်ရှင်ကားကြီး ကို ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) မှ ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များ အနေဖြင့် မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ရဲလေးနဲ့အတူသက်မွန်မြင့် အပါအဝင် အနုပညာ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ချောင်းသာတွင်ရိုက်ကူးမည်ဟု ကနေဦးသိရသော်လည်း စတင်ရိုက်မည့်ရက်ကို မသိသေးပေ။

အားလုံးပဲ သတင်းထူးလေးတွေသယ်လာတယ်နော်…

အခုရုပ်ရှင်ကားသစ်ကိုလည်းစောင့်မျှော်အားပေးကြတာပေါ့…

Source: Myo Min Hein ဖေ့ဘွတ်

Aung

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။