မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံးရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ရွှေကစ်လေးကတော့ သရုပ်ဆောင်ထူးချွန်ပြီး အကယ်ဒမီဆုနှစ်ဆုတိတိ ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေပြည့်စုံနေတဲ့ ရွှေကစ်လေးက အလှအပပိုင်းမှာလည်း ပြိုင်ဘက်ကင်းလောက်အောင် နုပျိုလှပလွန်းသူလေးပါ။ ကစ်ကိုတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ အားပေးဝန်းရံကြတာဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG

သူမရဲ့ပရိသတ်တွေအပေါ်မှာ အလေးထားဆက်ဆံတတ်တဲ့ ကစ်လေးက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံတဲ့ Fan Meeting ပွဲလေးတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရွှေကစ်လေးက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့ (အမျိုးသားနေ့)၊ Junction Square Outdoor Area မှာ သူမရဲ့ Fan Meeting ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ ရာနဲ့ချီတဲ့ ရွှေကစ်ရဲ့ပရိသတ်တွေက တိုးမပေါက်နိုင်လောက်အောင် လာရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG

အခုလည်း ရွှေကစ်လေးက ချစ်ရတဲ့ပရိသတ်တွေနဲ့ တွေ့ဆုံပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရဗီဒီယိုလေးတွေကို မျှဝေပေးထားပါတယ်။ ကလေးလေးတစ်ယောက်လို စိတ်လှုပ်ရှားပျော်ရွှင်ရင်း ရယ်မောနေတဲ့ ကစ်လေးရဲ့ချစ်စဖွယ်အမူအရာလေးတွေကတော့ အရမ်းကိုအပြစ်ကင်းစင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Fan Meeting ပွဲမှာ ပျော်ရွှင်နေတဲ့ကစ်နဲ့ ပရိသတ်တွေရဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Wutt Hmone Shwe Yi's FB & IG 

Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။