ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်သဇင်ကတော့ စိတ်ထားလေးမွန်မြတ်သူတစ်ယောက်ဖြစ်လို့ အကူအညီလိုအပ်သူတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီးကူညီပေးတတ်တဲ့မင်းသမီးချောလေးပါနော်။လက်ရှိမှာဆိုရင်လည်း ခင်သဇင်က ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကိုအစအဆုံးကူညီပေးနေပြီး ကြုံတွေ့နေရတဲ့အကြောင်းလေးကို အောက်ပါအတိုင်းမျှဝေပြီးပြောပြလာတာဖြစ်ပါတယ်နော်။

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

"တနေ့က အလုပ်တစ်ခုက အပြန် မကစ်အိမ် ဝင်တွေ့ အ ခြေအနေ ကြည့်ခဲ့သေးတယ်စိတ်ညစ်ခဲ့ရတယ်....တစ်လကို ထာဝရ အလှူငွေ ၁၁ သိန်း လစဉ် ပုံမှန် ဝင်ငွေ ရနေအောင် မကစ်ကို စီစဉ်ပေးခဲ့တာ နောက်လဆို တစ်နှစ် တင်းတင်း ပြည့်ပြီ ခက်တာက အဲဒီ ၁၁ သိန်းနဲ့ သူ လောက်ငှ မနေဘူး အဲဒီ တစ်လကို ၁၁ သိန်း ဆိုတာ ကိုယ်တိုင် သေချာ အိမ်ဌားခ က အစဘေးနားက ကူတဲ့ သူအတွက် လစာကအစ အိမ်စားရိတ်ထမင်းဖိုးကအစ သေချာ တွက်ချက်ပြီရ အလှူခံပေးခဲ့တာအခု တစ်လ တစ်လ စားစရာတောင် မကျန်အောင် ဖြစ်နေပြီ လစဉ် ကိုယ့် အိတ်ထဲက ချေးဌားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူးကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့အတွက်"

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

"သူ ဆေးကုဖို့ စားရိတ်မကျန်တော့လို့ ငိုပြီး ဖုန်းဆက်လာတိုင်း တကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ် ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်ဒါနဲ့ တနေ့က စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ ကျော်နေတာကိုး ဆေးဖိုးတွေက ဈေးကြီး နေတာ မေးကြည့်တော့ ကိုယ်လည်း တစ်လ တစ်လ ခေါင်းမီးတောက်ရတယ် ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ် အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့ လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့် ခနနေ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ် စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလားဒီတခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ"ဆိုပြီး ပြောပြလာတာပါနော်။

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

Source:Khin Thazin's Facebook

Photo Credit:Khin Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။