ပရိသတ်ကြီးရေ.. မနောနဲ့ အဆိုတော်သွန်းတို့ သီဆိုထားပြီး “မြို့သားနဲ့တောသူ” သီချင်းလေးကတော့ ပရိအားလုံးကို အကြိုက်တွေ့စေခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့ပါတယ်နော်..။

တေးသီချင်းကောင်းလေးတွေကြောင့် အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ မနောနဲ့ သွန်းတို့ကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြပြီး ပရိသတ်အကြိုက်သီချင်းလေးတွေလည်း မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်နော်..။


Photo Credit - သွန်း - Thun’s Facebook
Photo Credit - သွန်း - Thun’s Facebook

အဆိုတော်သွန်းကတော့ ပရိသတ်တွေနှစ်သက်အားပေးခဲ့ကြတဲ့ “မြို့သားနဲ့တောသူ” သီချင်းလေးဟာ မန္တလေးနဲ့ ရန်ကုန်မှာ အသံသွင်းခဲ့တဲ့ အမှတ်တရလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်နော်..။

သီချင်းလေးက စဆိုကတည်းက မြို့သားနဲ့တောသူ ဆိုရသလိုပဲ မနောက မန္တလေးမှာ အသံသွင်းပြီး သူမကတော့ ရန်ကုန်မှာ အသံသွင်းပြီး ပြန်ထပ်ဆိုခဲ့ရတာဖြစ်တယ်ဆိုပြီး အမှတ်တရလေးကို ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - သွန်း - Thun’s Facebook
Photo Credit - သွန်း - Thun’s Facebook

သွန်းကတော့ မနောနဲ့အတူ တွဲဆိုထားတဲ့ သီချင်းအသစ်လေးတွေ လုပ်နေပြီး လူငယ်ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဖန်တီးနေတဲ့ အကြောင်းလေးကိုလည်း သွန်းက ပြောပြထားပါသေးတယ်..။

အသည်းကွဲသီချင်းတွေ ဆိုတာများပြီးလတ်တလောမှာတော့ တည်ငြိမ်သွားသလို အချစ်ဆိုတာတော့ရှိနေသေးတယ်ဆိုပြီး သီချင်းလေေးတွနဲ့ ပတ်သတ်ပြီး ပြောပြထားတဲ့ သွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - သွန်း - Thun’s Facebook
Photo Credit - သွန်း - Thun’s Facebook

Photo Credit - သွန်း - Thun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။