ပရိသတ်ကြီးရေ သားလေးတစ်ယောက်မွေးဖွားထားတဲ့ မေမေမိုးယုစံကတော့ ယခုလက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ပရိသတ်တွေကလည်း မိုးယုကို အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုခြေလှမ်းတိုင်းကို စောင့်ကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုရဲ့မိသားစုလေးက သာယာအေးချမ်းပြီး နှစ်ဖက်မိဘတွေစည်းစည်းလုံးလုံးရှိတာကြောင့် အရမ်းနွေးထွေးစရာကောင်းတဲ့မိသားစုလေးပါနော်။မိုးယုစံရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့သားလေးအပေါ်ကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတာကြောင့် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်ပါတယ်။မိုးယုစံကလည်း ပျော်ရွှင်စရာမိသားစုလေးမှာ စိတ်အေးချမ်းနေတာကြောင့် ပိုပိုပြီးလှလာတဲ့ ကလေးအမေတစ်ယောက်ပါနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

သားချောလေး ကောင်းသိင်္ခမိုးသူလေးကတော့ မေမေနဲ့တူလို့ အရမ်းချစ်စရာကောင်းပြီး ချစ်မွှေးပါလို့လူတိုင်းကချစ်ခင်ကြပါတယ်။မေမေမိုးယုကလည်း သားလေးကိုထူးချွန်ထက်မြက်တဲ့ကလေးလေးဖြစ်အောင်သေချာပြုစုပေးနေကာ အားတဲ့အချိန်တိုင်းလည်း သားလေးနဲ့အတူတူဆော့ကစားပေးပါတယ်။အခုဆိုရင်လည်း သားလေးက စကားလေးတွေတီတီတာတာပြောပြီး ဆော့ကစားနေတဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

Video Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။