ဒီလ ၂၇ နေ့(စနေနေ့)က အေးဝတ်ရည်သောင်းမွေးနေ့ဖြစ်သလို အဆိုပါ မွေးနေ့လေးမှာတော့အေးဝတ်ရည်သောင်းက သူ့ချစ်ပရိသတ်တွေနဲ့ အတူ အလှူလေး အတူတူ လုပ်မယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ Poems For Ma Ma Aye Wutyi Thaung ?? Facebook Group က သူ့ပရိသတ်တွေကို အသိပေးထားပြီး ပါဝင်လိုသူတိုင်း ဖိတ်ခေါ်ထားလို့ ယခုလ၂ဝရက်နေ့ နောက်ဆုံးစာရင်း ပေးသွင်းနိုင်တယ်လို့ ဆိုထားပါတယ်။

“ Dear Ma Ma Aye Wutyi Thaung's Fans!

ဒီ လ ၂၇ ရက်နေ့ (စနေနေ့မှာ) မမရဲ့ မွေးနေ့ရှိပါတယ်

မမ က သူ့ပရိတ်သတ်တွေနဲ့ တွေ့စုံပြီး တူတူ အလှူလေးလည်းလုပ်ချင်ပါတယ် တဲ့

အဲ့အတွက် Groupထဲက မန်ဘာတွေ ကို မမ က

လာဖို့ဖိတ်ပါတယ်!

တစ်ကယ် လာနိုင်မည့် သူများ ဒီပို့အောက်ကcommentမှာ

20 ရက်နေ့နောက်ဆုံးထားပီးစာရင်းပေးသွားလို့ရပါတယ်!

လူအရေအတွက် ပေါ်မှာ နေရာစီစဉ်ရမှာမလို့ပါ..

တကယ်လာမယ်ဆိုမှသာ comment ဝင်ရေးဖို့နဲ့

ပို့နဲ့မသက်ဆိုင်တာဘားမှဝင်မရေးကြဖို့

မေတ္တာရပ်ခံပါတယ်ရှင်...

မရှင်းတာရှိရင် ညီမတို့admin တွေကိုchat box

မှာလာရောက်မေးမြန်းလို့ရပါတယ်...

အချိန်နဲ့ နေရာကိုတော့ရက်နီးရင်ညီမတို့သေချာပြန်ပြောပါ့မယ်!” လို့ Poems For Ma Ma Aye Wutyi Thaung ?? Facebook Group မှာ တင်ထားပါတယ်။ 

ပရိသတ်ကြီးရေ..ကိုယ်နှစ်သက်ချစ်ခင်ရတဲ့ အနုပညာရှင်နဲ့အတူလှူခွင့်လေးရမှာဖြစ်လို့ပါဝင်မယ်ဆိုရင်တော့ Poems For Ma Ma Aye Wutyi Thaung ?? Facebook Group မှာစာရရင်းသွားပေးနော်..

Source: Poems For Ma Ma Aye Wutyi Thaung ??

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။