photo credit - Alliance Facebook page

Europe region ကနေ Qualified အောင်ပြီး MDL Chengdu major ကို ဝင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

Group stage အပြီးမှာတော့ Upper bracket ကနေ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့် upper bracket round 1 မှာ TNC predator ကို 2 : 0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် lower bracket ကိုဆင်းပေးခဲ့ရပါတယ်။

Lower bracket round 2 မှာတော့ Alliance ဟာ Team Aster နဲ့ယှဉ်ပြိုင်ကစားခဲ့ရပြီး 2 : 1 နဲ့အနိုင်ရရှိခဲ့တာကြောင့် lower bracket round 3 ကိုဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်

LB round 3 အရောက်မှာတော့ Alliance ဟာ Team Liquid နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး 2 : 0 နဲ့ရှံးနိမ့်ခဲ့တာကြောင့် အခုဆိုရင် MDL Chengdu Major ကနေ ထွက်ခွာပြီး အိမ်ပြန်ရတော့မှာပဲဖြစ်ပါတယ်။

၎င်းပွဲစဉ်မှာတော့ Alliance အနေနဲ့ အရမ်း rise များတဲ့ draft တွေ နဲ့ Team Liquid ကို ယှဉ်ဖိုက်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Alliance အနေနဲ့လည်း လောလောလတ်လတ် DreamLeague Season 12 မှာ Champion ဖြစ်ထားတယ်ဆိုပေမယ့် ယခု ကစားခဲ့တဲ့ Team Liquid နဲ့ပွဲစဉ်မှာတော့ လိုအပ်ချက်တွေ များစွာရှိနေသေးတာတွေ့ရပါတယ်။ 

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။