Call Of Duty ဆိုရင် ပရိသတ်တွေတော်တော်များများ နာမည်ကြားတာနဲ့သိကြမှာဖြစ်ပါတယ်။ ဂိမ်းဟာဆိုရင် First Person Shooter Game အမျိုးအစားဖြစ်ပြီး 2003 ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ခုနောက်ဆုံးထွက်ခဲ့တာကတော့ Call Of Duty : Modren Warfare ပဲဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့ Game တိုင်းကတော့ အောင်မြင်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုပြောသွားမှာကတော့ အော်တိုဘာလ ၁ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Call Of Duty : Mobile ပဲဖြစ်ပါတယ်။  

ဂိမ်းထဲမှာဆိုရင်တော့ လောလောဆယ် Mode နှစ်မျိုးပါဝင်ကာ Multiplayer Mode နဲ့ Battle Royal Mode ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ MP Mode မှာဆိုရင်တော့ Map ရွှေးလို့ရကာ BR Mode မှာတော့ Skill တွေရွှေးလို့ရပါတယ်။ သေနတ်ပစ်တဲ့ ပုံစံနဲ့ပက်သတ်ပြီးလဲ နှစ်မျိုးရှိကာ ပထမတစ်မျိုးကတော့ Auto ပစ်တာဖြစ်ပြီး နောက်တစ်ခုကတော့ Manual ပဲဖြစ်ကာ ကိုယ့်ဘာသာကို စိတ်ကြိုက်ပြင် ပစ်လို့ရပါတယ်။ ဂိမ်းရဲ့တစ်ခုကောင်းတာတွေထဲက တစ်ခုကတော့ ရုပ်ရှင်ကားတွေထဲကလို လျှောသွားပြီး ပစ်လို့ရတာပါပဲ။ ကိုယ်ပြေးနေရင်းနဲ့ ဒူးထောက်တဲ့ဟာလေးကိုနှိပ်လိုက်ရင် လျှောသွားပါလိမ့်မယ်။ 

BR Mode ကတော့ Rank အမျိုးအစားပဲဖြစ်ပြီး MP Mode ကတော့ Rank နဲ့ ရိုးရိုးသာမာန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ MP Mode မှာမှ ကစားနိုင်တဲ့အမျိုးအစား၅ခုလောက်ပါပါသေးတယ်။ ကျန်တာကတော့ Event တွေလာမှသာ ကစားလို့ရပါတယ်။ BR Mode ထက် MP Mode ကပိုခက်ပါတယ်....လူအများကြီးသတ်ချင်ရင် MP က Domination ကိုကစားပါ။ ရန်သူ အယောက်၁၀၀သေမှ နိုင်တာမို့ သင့်အနေနဲ့ စိတ်ကြိုက်ပစ်ရမှာဖြစ်ပါတယ်။ MP Mode ထဲမှာပဲ Socrestreak ဆိုပြီး ၃ခုယူလို့ရကာ Operator Skill ဆိုပြီး တစ်ခုယူလို့ရပါတယ်။ ခုချိန်မှာတော့ COD : Mobile ဟာဆိုရင် Season 1 ကုန်ဆုံးသွားပြီးဖြစ်ကာ Season 2 မှာ လူတွေစောင့်မျှော်နေတဲ့ Zombie Mode ကြီးပါလာတာကိုတွေ့ရှိရမှာဖြစ်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။