Call Of Duty : Mobile ကလဲ ပရိသတ်ကြီး သိကြတဲ့အတိုင်း October လ ၁ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ ပရိသတ်တွေထဲက တော်တော်များများလဲ COD : Mobile ကိုဆော့ကစားနေကြပြီးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆော့မကစားရသေးပဲ ခုမှဆော့ကစားမဲ့ သူတွေအတွက်ရော ဆော့ကစားနေတဲ့သူတွေရဲ့ နားမလည်တဲ့ MP Mode က Socrestreak တွေရဲ့ ရှင်းလင်းဖော်ပြချက်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။ အရင်ဆုံး MP Mode မှသာရှိတဲ့ Scorestreak အကြောင်းကို အရင်ဖော်ပြသွားပါမယ်။ ပထမဆုံးဟာကတော့ UAV ပဲဖြစ်ကာ Score 400 လိုအပ်ပါတယ်။ သုံးလိုက်ရင်တော့ မြေပုံပေါ်မှာ ရန်သူတွေကို မြင်ရမှာဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ HUNTER KILLER DRONE ပဲဖြစ်ကာ Score 500 လိုပါတယ်။ သုံးလိုက်ရင် ရန်သူရှိရာဆိကို သူ့ဘာသာသွားပြီး ဝင်တိုက်မှာဖြစ်ပါတယ်။ လွဲတက်တာတွေရှိတက်သလို ထိရင်လဲ တစ်ချက်ထဲနဲ့သေပါတယ်။ နောက်တစ်ခုကတော့ AIRDROP ဖြစ်ကာ Score 550 လိုအပ်ပြီး သုံးလိုက်ရင် သေတ္တာတစ်ခုချပေးမှာဖြစ်ပြီး ကျပန်း Scorestreak ကိုရရှိမှာဖြစ်ပါတယ်။ COUNTER-UAV ဆိုတဲ့ Scorestreak ကတော့ Score 600 လိုအပ်ပြီး သုံးလိုက်ရင် ရန်သူရဲ့မြေပုံဟာဘာမှမြင်ရတော့မှာမဟုတ်ပါဘူး။ UAV သုံးထားလဲ သတ်မှတ်ချိန်အတွင်း မြင်ရတော့မှာမဟုတ်ပါဘူး။ PREDATOR MISSILE ကတော့ Score 700 ဖြစ်ပြီး သုံးလိုက်ရင် ကိုယ်ကြိုက်ရာနေရာကို ချိန်းလို့ရပြီး ဒုံကျည်ပစ်ချရမှာဖြစ်ပါတယ်။ SENTRY GUN ကတော့ ကရန်သူတွေအသွားအလားများတဲ့နေရာမှာ ချကာ သေနတ်က အော်တို ရန်သူတွေကို ပစ်နေမှာဖြစ်ကာ Score 800 လိုအပ်ပါတယ်။  

SAM TURRET ကတော့ မြေကြီးပေါ်မှာချလိုက်ရင် ဘယ် Air Scorestreak တွေမဆို သူဟာ Auto ပစ်ချမှာဖြစ်ပြီး Score 850 လိုအပ်ပါတယ်။ STEALTH CHOPPER ကတော့ Score 1000 လိုအပ်ပြီး သုံးမယ်ဆိုရင် ရန်သူတွေပေါ်လာမဲ့နေရာကိုမှာ သုံးကာ Chopper က ကိုယ်ပျောက်နေမှာဖြစ်ပါတယ်။ အဲ့ Chopper က ကိုယ်ချထားတဲ့နေရာမှ ပတ်နေမှာဖြစ်ပြီး ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ပစ်နေမှာဖြစ်ပါတယ် ။ ကိုယ်ပျောက်နေသော်လဲ SAM TURRET ကတော့ ပစ်ချလို့ရပါတယ်။ VTOL ကတော့ Score 1600 လိုအပ်ပြီး သုံးလိုက်ရင် လေယာဉ်ဟာရောက်ရှိလာမှဖြစ်ပြီး သင်အနေနဲ့ အဲ့လေယာဉ်ကိုထိန်းချုပ်ရမှာဖြစ်ပါတယ်။ အချိန်မကုန်မခြင်းလဲ သင်ဟာ လေယာဉ်ပေါ်ကနေ အောက်ကအနီရောင်အကွက် လူဆိုးတွေကို ဗုံးနဲ့ပစ်ချလို့ရပါတယ်။ အစိမ်းရောင်ကိုတော့ မပစ်ချမိပါစေနဲ့...ဘာလို့ဆိုတော့ အစိမ်းက သင်မို့လို့ပါ။  

MOLOTOV COCKTAIL ကတော့ Score 300 လိုအပ်ပြီး ပစ်လိုက်ရင် ထိရာနေရာအရပ် မီးလောင်နေမှာဖြစ်ကာ အဲ့ Scorestreak ကို Event Time မှာပေးတဲ့ Mission ကိုလုပ်မှာသာ ရမှာဖြစ်ပါတယ်။ NUCLEAR BOMB ကတော့ သင့်အနေနဲ့ ယူလိုမရပါဘူး....လူအယောက် ၂၀ကျော်ကို မသေပဲသတ်နိုင်မှ သူ့အလိုလိုရရှိမှာဖြစ်ပြီး သတ်ရာနေရာမှာလဲ သင့်လက်နက်နဲ့သာသတ်ရမှာဖြစ်ပြီး သုံးလိုက်ရင် ပွဲတော့ပြီးသွားမှာမဟုတ်ပါဘူး။ မြေပုံပေါ်က ရန်သူအကုန်သေမှာဖြစ်ပါတယ်။ အရေးပါဆုံး Scorestreak ကတော့ UAV ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။