Call Of Duty : Mobile ရဲ့ Multiplayer Mode မှာဆိုရင် Special Operator Skill တွေအသုံးပြုလို့ရပါတယ်။ အဲ့ Skill တွေဟာဆိုရင်တော့ဖြင့် ကိုယ့်အသင်းနိုင်အောင်လို့ တိုက်စစ်အနေနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ အဲ့အပြင် မြေပုံအနေအထားနဲ့ ရန်သူအနေအထားကို ကြည့်ပြီး Operator Skill တွေကို ရွှေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။ ဂိမ်းထဲရောက်သွားရင်တော့ ပြောင်းလို့မရဘူးပေါ့။ ဒါပေမဲ့လဲ ကိုယ်သေရင် Loot ထဲကနေ စစ်သားတွေကိုရွှေးနိုင်ပါတယ်။ Operator Skill တွေကို ပိုရင်နှီးသွားအောင် အောက်မှာဖော်ပြထားပါတယ်။ 

Purifier

သင့်အနေနဲ့ Level 4 ရောက်ရင်ရရှိမှာဖြစ်ပြီး မီးသေနတ်ဖြစ်ပါတယ်။ Damage ကမြင့်ပေမဲ့လဲ Range ကနည်းတာမို့ အနီးကပ်မှ အဆင်ပြေပြီး သုံးရတာ ခတ်ခဲပါတယ်။ 

Scythe

Level 15 ရောက်ရင် ရရှိမှာဖြစ်ပြီး Mini-gun ဖြစ်ကာ အဝေးကြီးထိပစ်နိုင်ပြီး သုံးနေရင် ကိုယ်ဟာသေနိုင်ချေများပါတယ်။ 

War Machine

Level 26 မှာ ပွင့်မှာဖြစ်ပြီး Grenade launcher တစ်လက်ဖြစ်ကာ Damage များပြီး သုံးရတာ တော်တော်ကောင်းပါတယ်။ 

Tempest

လျှပ်စစ်သေနတ်ဖြစ်ပြီး Level 35 မှာရရှိမှာဖြစ်ပါတယ်။ သေနတ်ပစ်ဖို့အတွက် အားစုရမှာဖြစ်ပြီး လူ ၉ယောက်ထိ ထိနိုင်ပါတယ်။ အဲ့လူ ၉ယောက်ကလဲ တစ်ယောက်နဲ့တစ်ယောက် သိပ်မဝေးမှ ထိမှာဖြစ်ပါတယ်။

Transform Shield

Level 50 မှာပွင့်တဲ့ဟာကတော့ Shield တစ်ခုဖြစ်ပြီး ရန်သူရှေ့သုံးလိုက်ရင် ဒိုင်းတစ်ခုဖြစ်လာပြီ Flash မီးထွက်သွားကာ ရန်သူကို Stun မိစေပါတယ်။ ကိုယ့်အသင်းသားတွေလဲ ရန်သူနယ်မြေမှာ Shield ကာပြီး ပစ်လို့ရတာပေါ့။

Sparrow

ဒီမြားကတော့ Event Time က Mission တွေကို လုပ်ပြီး ရရှိမှာဖြစ်ပါတယ်။ Damage တော်တော်များတဲ့ မြားကိုပစ်နိုင်ပြီး ပစ်တဲ့ခလုတ်ကို ကြာကြာဖိလေ ဝေးဝေးကို ပိုပစ်နိုင်လေပါပဲ။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။