photo credit - Vici Gaming Facebook page

Vici Gaming အနေနဲ့လည်း Ti 9 အပြီးမှာ အသင်းရဲ့ captain ဖြစ်သူ Fade ကို ဆုံးရှုံးခဲ့ရပြီး Fade ရဲ့နေရာမှာ အစားထိုးဖို့အတွက် Pyw ကိုခေါ်ယူခဲ့ပါတယ်။

ခေါ်ယူပြီးနောက်မှာတော့ Vici Gaming ဟာ သူတို့ရဲ့ roster အသစ်နဲ့ ESL One Hamburg 2019 ကိုပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း top 4 အသင်းထဲတောင်မဝင်ဘဲ 5-6th place နဲ့သာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Vici Gaming ဟာ 2019-2020 DPC season ရဲ့ ပထမဆုံး DPC points ပေးမယ့် MDL Chengdu Major ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Group stage မှာတော့ Vici Gaming မှာ Group B အုပ်စု ပထမနဲ့ Upper Bracket ကိုတက်ရောက်ခဲ့ပြီး upper bracket round 1 မှာ Fighting PandaS ကို 2 : 0 နဲ့အနိုင်ယူပြီး ub round 2 ကိုတက်ရောက်ခဲ့ပါတယ်။

Upper bracket Round 2 မှာတော့ Vici gaming ဟာ Evil Geniuses နဲ့တွေ့ဆုံခဲ့ပြီး 2 : 1 ဆိုတဲ့ရလာဒ်နဲ့အနိုင်ယူကာ upper bracket final ကိုတက်ရောက်ပြီး TNC Predator အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

၎င်းယှဉ်ပြိုင်မှုမှာတော့ Vici Gaming ဟာ TNC Predator အသင်းကို ကစားကွက်ပိုင်းရော drafting ပိုင်းမှာရောအသာစီးယူနိုင်ခဲ့ပြီး 2 : 0 နဲ့အနိုင်ရရှိကာ Grand Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Grand Final အရောက်မှာတော့ Lower Bracket ကနေ Invictus Gaming ကိုနိုင်ပြီး နောက်တဆင့်တက်လာတဲ့ TNC Predator အသင်းနဲ့ပဲ bo 5 ပွဲစဉ်ယှဉ်ပြိုင်ခဲ့ရပါတယ်။

အစပိုင်း game 1 နဲ့ game 2 မှာတော့ Vici Gaming ဟာ Eurus ရဲ့ hero တွေကိုဘန်းထားတဲ့TNC Predator အသင်းကို လုံးဝယှဉ်မကစားနိုင်ခဲ့ အရှုံးပေးခဲ့ရပါတယ်။

Game 3 အရောက်မှာတော့ Vici Gaming ဟာ TNC Predator အသင်းကို comeback အောင်ပြန်လည်ဆော့ကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

Game 4 အရောက်မှာတော့ Vici Gaming ရဲ့ coach rOtk အနေနဲ့ TNC Predator ရဲ့ ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ Shaker Morph combo ကို လွှတ်ပေးခဲ့တာကြောင့် 63 မိနစ်မှာ gg ခေါ်ပေးခဲ့ရပြီး MDL Chengdu Major ရဲ့ champion ဆုကြီးကို TNC Predator အသင်းကိုပေးအပ်ခဲ့ရပါတယ်။

Vici Gaming အနေနဲ့ကတော့ MDL Chengdu Major မှာ 2nd place နဲ့သာ ကျေနပ်ခဲ့ရပြီး DPC points 3000 နဲ့ $160,000 သာရရှိခဲ့ပါတယ်။ 

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။