မေလဒုတိယပါတ်ရဲ့ ဆန်းဒေးဟာ နိုင်ငံတကာအမေများနေ့ပဲဖြစ်ပါတယ် ။

အမေများနေ့မို့ မေမေတွေကို သားသမီးတွေကလက်ဆောင်ပေး

အမှတ်တရစကားလေးတွေပြောရင်းနဲ့ ပျော်ရွှင်ဖွယ်အမှတ်တရအချိန်လေးတွေကို

ဖန်တီးနိုင်မယ့်နေ့ရက်ကလေးလဲဖြစ်ပါတယ် ။ ထိုနေ့ရက်လေးမှာ

အနုပညာရှင်တွေကလဲ သူတို့ရဲ့ မေမေတွေအတွက် အမှတ်တရစကားလေးတွေ

လက်ဆောင်လေးတွေပေးထားကြပါတယ် ။ ဘယ်သူတွေကဘယ်လိုပြောကြလဲ

ကြည့်ကြရအောင်နော် ... ။

"ပျော်ရွှင်ဖွယ် အမေများနေ့ဖြစ်ပါစေဗျာ။ Happy Mother Day My Mom။ သားသမီးတွေအားလုံးအပေါ် ဒီထက်အများကြီး ဂရုစိုက်ပြီး ဒီထက်ပို ချစ်နိုင်ပါစေဗျာ ။ သားအငယ်ကောင် MinThway"
Mother's Day အတွက်​အကြိုလက်​​ဆောင်​ ??? ပန်းစည်းလှလှလေးတွေလုပ်ပေးတဲ့အတွက်Flower Shopကိုကျေးဇူးတင်ပါတယ်
အမေများနေ့အတွက် အကြိုအနေနဲ့ ချစ်ရသော မေမေကို Flower Shop မှ flower basket လေးလက်ဆောင်ပေး??
အမေ သားကိုဆိုးခဲ့မိုက်ခဲ့သမျှ ခွင့်လှွတ်ပါအမေ မနက်ဖြန်အမေများနေ့အတွက်
(မနက်ဖြန်တဲ့ အမေရေ သမီးမှားသွားလို့) ဒီနေ့အမေများနေ့တဲ့ သမီး ကတော့ အဲ့လို အမှတ်တရနေ့တွေဆို မိသားစုနဲ့ ဝေးနေတက်ပါတယ်။ အမေများနေ့ အဖေများနေ့ အဖေမွေးနေ့ အမေ့မွေးနေ့ နှစ်ပတ်လည်နေ့တွေ ဆို အမြဲတမ်းအဝေးရောက်နေတယ်။ **အမေ့ ကို စိတ်ချမ်းအောင်ထားနိုင်တဲ့နေ့တွေ အမေ့ ဆန္ဒတွေ ဖြည့်ပေးနိုင်တဲ့နေ့တွေ အမေ ပျော်နိုင်ပြုံးနိုင်အောင်လုပ်ပေးနိုင်တဲ့နေ့တွေ က သမီးအတွက် အမေ့များနေ့တွေပါဘဲ အမေ**။ ပြောနေကြစကားတခွန်းဘဲပြောပါရစေ။ ?မတင်းကြပ်ခဲ့တဲ့စည်းကမ်းတွေအတွက် အမြဲတမ်း ကျေးဇူးတင်နေပါတယ် အမေ?
?ဒီနေ့Channel 7ရိုက်ကူးရေးChallenge Gameမှ ရရှိတဲ့အနုပညာကြေးလေးကိုမသုံးပဲ အမေ့အိမ်ကိုသွားပြီး ကန်တော့ခဲ့ပါသည်?မနက်ဖြန်?အမေများနေ့ — feeling wonderful.

Source : facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။