အားလုံးသိကြတဲ့အတိုင်း PUBG ဟာဆိုရင်တော့ တော်တော်အောင်မြင်တဲ့ Online Battle Royal Game တစ်ခုဖြစ်ပါတယ်။ အဲ့အပြင် PUBG ဟာ ၂၀၀၀ ခုနှစ်က ဂျပန်တွေရိုက်ကူးခဲ့ကြတဲ့ Battle Royale ဆိုတဲ့ကားကိုအခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကားထဲကလို လူတွေဟာကျွန်းကြီးတစ်ကျွန်းပေါ်မှာ ပစ္စည်းတွေစုရင် လူတွေလိုက်သတ်ရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုပြောချင်တာကတော့ PUBG ကိုဝယ်စရာမလိုပဲ PC Version သီးသန့်အတွက် ထုတ်လုပ်ထားတဲ့ Lite နဲ့ပတ်သတ်ပြီး ပြောချင်တာပဲဖြစ်ပါတယ်။  

PUBG ကိုဝယ်ကစားဖို့ ခတ်ခဲတဲ့သူတွေအနေနဲ့ PUBG Lite ဟာဆိုရင်လဲ ကစားရတာမဆိုးပါဘူး။ PUBG လိုမျိုးတော့ Graphic တွေ Map တွေက သိပ်မကောင်း သိပ်မပါပေမဲ့ ဆော့လို့တော့ကောင်းပါတယ်။ BOT မဟုတ်ပဲ ကစားတဲ့ Player တွေလဲတော်တော်များများရှိပါတယ်။ Skin တွေလဲ ဝယ်လို့ရပြီး မဲတွေလဲဖောက်လို့ရပါတယ်။ PUBG PC လိုပါပဲ တော်တော်များများကတော့ အဆင်ပြေပါတယ်။ ကစားများတဲ့သူတွေကတော့ အာဆီယံနိုင်ငံတော်တော်များပြီး မြန်မာ Player တွေလဲ ဆော့ကစားကြပါတယ်။ 

သို့သော်လဲ ခုချိန်မှာ PUBG Mobile ကို Emulator နဲ့တွဲဆော့ကစားကြတာ တော်တော်များများရှိနေပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တော်တော်များများက Mobile ကို Emulator နဲ့ကစားကြတာများပါတယ်။ Mobile မှာလဲ Lite ရှိပါတယ်....PC Version Lite လို ဖုန်းကတော်တော်ကြီး မကောင်းတဲ့သူတွေအတွက် ထုတ်ပေးထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ PUBG Mobile ရော Lite ရောဟာဆော့ကစားလို့ကောင်းပါတယ်။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။