COD : Mobile ဟာဆိုရင် သိပ်မကြာခင်ရက်ပိုင်းလောက်ကပဲ Season 2 ကိုထွက်ရှိခဲ့ပါတယ်။ S2 ထွက်ရှိလာတာနဲ့အတူ လူတွေ စောင့်မျှော်နေကြတဲ့ Mode နဲ့ မထင်မှတ်ထားတဲ့ အရာတွေပါ ပါဝင်လာခဲ့ပါတယ်။ ပရိသတ်တွေလဲ သိကြတဲ့အတိုင်း Call Of Duty ဆိုတာ Shooting ဂိမ်းလောကအပြင် တခြားဂိမ်းလောကမှာပါ မသိတဲ့သူမရှိသလောက်ပါပဲ။ သူတို့အနေနဲ့လဲ COD : Mobile ကို အောက်တိုဘာလမှာထွက်ရှိခဲ့ကာ လူတွေလဲစစပေါ်ချိန်မှာတော့ အပြစ်တင်ပြောခဲ့ပေမဲ့ ဆော့ခဲ့ရာမှာတော့ ကျေနပ်ခဲ့ကြပါတယ်။ 

ဘာပဲဖြစ်ဖြစ်ပါ S2 မှာဆိုရင် Game ရဲ့အစိတ်အပိုင်းတော်တော်များများဟာ ပြောင်းလဲခဲ့ပါတယ်။ အရင်ဆုံး သေနတ် Skin အသစ်နဲ့ Character အသစ်တွေပါဝင်လာပါတယ်။ နောက်မှာတော့ လူတွေစောင့်စားနေခဲ့ကြတဲ့ Zombie Mode ပါဝင်လာခဲ့ပါတယ်။ Zombie Mode နဲ့ပတ်သတ်တဲ့ဟာတွေကိုတော့ နောက်မှာဖော်ပြသွားမှာဖြစ်ပါတယ်။ Game ကို Log-in ဝင်တဲ့အခါမှာလဲ အရင်ကထက် ပိုများလာပါလိမ့်မယ်။ S1 မှာတော့ Facebook ကနေပဲ ဝင်လို့ရပါတယ်။ 

မြေပုံပုံစံတွေလဲ ပြောင်းထားပြီး နှင်းတွေကျနေတာကို ပရိသတ်ကြီး BR Mode မှာတွေ့ရှိရမှာဖြစ်ပါတယ်။ MP Mode မှာလဲ မြေပုံတစ်ခုကို ပြောင်းပေးထားပါတယ်။ Scorestreaks အသစ်တွေကိုလဲ ထပ်ထည့်ပေးထားပြီး ပရီသတ်ကြီးအကြိုက်တွေ့စေမှာပါ။ Controller Support တွေလဲ အသစ်ထပ်ထည့်ပေးထားပါတယ်။ အာ့ကြောင့်ပရိသတ်ကြီး သူ့ကို PS 4 နဲ့ X Box ဂိမ်းခလုတ်ကို သုံးပြီး ကစားလို့ရမှာပါ။ Operator အသစ်နဲ့ Ability အသစ်တွေလဲပါဝင်လာပါတယ်။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။