photo credit - Dota2.org

Dota 2 ရဲ့ 7.23 Outlander Update ထွက်ရှိမယ့် ရက်ကိုတော့ Valve ကကြေညာပေးခဲ့ပြီပဲဖြစ်ပါတယ်။

အရင်တုန်းကတော့ ဒီ update ကို 2019-2020 DPC season ရဲ့ ပထမဆုံးမေဂျာ အပြီးမှာ ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့် ရက်အတိအကျကို ကြေညာခဲ့ခြင်းမရှိပါဘူး။

လက်ရှိအချိန်မှာတော့ Valve အနေနဲ့ 7.23 update ကို November 26 ရက်နေ့မှာ ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီဖြစ်သလို ဒီ update မှာ အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ Snapfire နဲ့ Void Spirit တို့ပါဝင်လာတော့မှာပါ။

ဒါ့အပြင် ယခုထွက်ရှိလာမယ့် update မှာ တော်တော်လေးကြီးမားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့လာရနိုင်သလို nerf ခံရတဲ့ hero တွေနဲ့ burf ခံရတဲ့ hero တွေလည်း များလာနိုင်ပါတယ်။(ဥပမာ Earthshaker + Morphling ) လို combo မျိုးတွေပါ။

ကြောညာချက်အရတော့ ဒီ update ထွက်မှာက 26 ရက်နေ့ဆိုပေမယ့် အချိန်ကွာခြားချက်ကြောင့် ကျနော်တို့ဆီမှာတော့ 27 ရက်နေ့ မနက်ပိုင်းလောက်မှ ထွက်လာနိုင်ပါတယ်။

source - Wykrhm Reddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။