photo credit - EHOME Facebook Page

EHOME အသင်းကတော့ MDL Chengdu Major ယှဉ်ပြိုင်မှုအပြီးမှာ အသင်းရဲ့ carry player vtFaded နဲ့လမ်းခွဲခဲ့ပါတယ်။

ဒါ့အပြင် EHOME ဟာ နောက်လ ထဲမှာ China Pro League S1 ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အသင်းမှာ လိုအပ်နေတဲ့ carry player နေရာမှာ ကစားဖို့အတွက် player တစ်ယောက် တကယ်ကို လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်။

ဒ့ါကြောင့် EHOME ဟာ သူတို့ရဲ့ လိုအပ်ချက်ကိုဖြည့်တင်းဖို့အတွက် Malaysia နိုင်ငံသားလေး NothingToSay ကိုခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် NothingToSay ဟာ mid players တစ်ယောက်ဖြစ်တာကြောင့် အရင် mid ကစားတဲ့ 897 အနေနဲ့ carry role ကိုပြောင်းလဲကစားပေးသွားမှာပဲဖြစ်ပါတယ်။

ဒီအပြောင်းအလဲမှာ ထူးခြားနေတာတစ်ခုကတော့ NothingToSay ဟာ EHOME ကိုမပြောင်းလာခင်က Alpha x Hashtag မှာကစားခဲ့တာဖြစ်သလို EHOME ကနေ ထွက်ခွာသွားတဲ့ vtFaded ကလည်း လက်ရှိအချိန်မှာ Alpha x Hashtag ကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား ဒါမှမဟုတ် organization နှစ်ခုပေါင်းပြီး players ချင်း swap လိုက်တာလားဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။