photo credit - Whkrhm Reddy

Ti 9 ပြီးထဲက ပြောက်ဆုံးနေတဲ့ EX Team liquid players တွေကတော့ သူတို့ရဲ့အသင်းသစ်ကို ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

Miracle , W33 , Mindcontrol , GH , Kuroky တို့အနေနဲ့လည်း အသင်းသစ်နာမည်ကိုမကြခင်မှာ သဲလွန်စအနေနဲ့ ပုံတစ်စုံစီတင်ပေးခဲ့ကြပြီး နောက်မှာတော့ သူတို့ရဲ့အသင်းသစ်နာမည်ဟာ NIGMA Esports ဖြစ်တယ်ဆိုတာကို ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

ဒီ NIGMA ESPORTS မှာတော့ Kuroky တို့ငါးယောက်လုံးဟာ အရင် role အတိုင်းကစားသွားမှာပဲဖြစ်ပြီး

Po 1 – Miracle

Po 2 – W33

Po 3 – Mindcontrol

Po 4 – GH

Po 5 – Kuroky တို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ mid players W33 အနေနဲ့ သူကိုယ်တိုင် farming space တွေရှာယူနေရာတာကြောင့် Miracle အတွက် ကောင်းကောင်း space တွေရှာမပေးနိုင်တဲ့ ပြသနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Kuroky အနေနဲ့ဆိုရင်လည်း W33 နဲ့ MC ကို hero တကောင်ထဲကိုပဲ ပွဲတော်တော်များများကိုင်ခိုင်းပြီး ဆော့ကစားစေခဲ့တာတွေက အစမှာတော့ အဆင်ပြေသလိုရှိပေမယ့် နောက်ပိုင်းမှာသိပ်မလုပ်မဖြစ်ခဲ့ပါဘူး။

Ti 9 မှာလည်း grand Final ကိုတက်ရောက်နိုင်ခဲ့ပေမယ့် ပွဲပန်းနေတာရော ပြိုင်ဘက် OG အသင်းရဲ့ draft တွေကို ယှဉ်မကစားနိုင်ခဲ့တာတွေကြောင့်နဲ့ပဲ OG ကို 3 : 1 နဲ့ အရှုံးပေးခဲ့ရပြီး 2nd place နဲ့သာကျေနပ်ခဲ့ရပါတယ်။

ယခု season သစ်မှာတော့ players တွေအားလုံးကအတူတူပဲဆိုပေမယ့် အသင်းသစ် ၊ နေရာသစ် ၊ organization အသစ်နဲ့ Kuroky တို့ဘယ်လိုပြန်လာမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

video credit - NIGMA facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။