Murder In The Alps ဆိုတဲ့ဂိမ်းဟာဆိုရင်တော့ တခြားဂိမ်းတွေနဲ့မတူပဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မှုခင်းဝတ္ထု တစ်ခုကို အခြေခံထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်က အချိန်ဖြစ်တာမို့ အဲ့အချိန်အဲ့အခါက အရသာကို ခံစားရမှာပါ။ ဂိမ်းကစားရကတော့ ဉာဏ်စမ်းတွေဖြေရှင်းရင် လိုတာတွေကို ရှာဖွေရမှာဖြစ်ပါတယ်။ 

ဇာတ်လမ်းအစကိုတော့ Alps မှာရှိတဲ့ အလှဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ ဟိုတယ်တစ်ခုမှစထားတာဖြစ်ပါတယ်။ ဒါပေမဲ့မကြာပါဘူး အဲ့ဟိုတယ်မှာလာတည့်တဲ့ ဧည့်သည်တစ်ယောက်ဟာ ပျောက်ဆုံးသွားပါတယ်။ အဲ့အဖြစ်ဖြစ်ပြီးမကြာခင်မှာပဲ ထူးခြားတာတွေဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Anna Myers ဆိုတဲ့ ဂျာနယ်လစ်မလေးဟာ အားလပ်ရက်အတွက် ဟိုတယ်ကိုလာရင်း အဲ့အမှုကို ‌ဖြေရှင်းဖို့ စတင်ခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက်ရှုပ်ရှုပ်လာပြီး စိတ်ဝင်စားစရာကောင်းလာတဲ့အမှုနဲ့အတူ Anna ဟာ ဟိုတယ်က ကိုယ်စီ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေနဲ့ရှိနေတဲ့ လူ၁၀ယောက်ထဲက တစ်ယောက်ဟာ လူသတ်သမား ဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 

သင်အနေနဲ့ အဲ့အမှုကို ဖြေရှင်းချင်ပါသလား။ ‌Admin ကတော့ ဆော့နေတုန်းပဲရှိပါတယ်။ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလိုသင်ဟာဆော့ကစားရမှာဖြစ်ပြီး Alps ရဲ့အလှတရားတွေနဲ့ ၁၉၃၀ ခုနှစ်ရဲ့အရသာကိုခံစားရမှာဖြစ်ပါတယ်။ ရုပ်ထွက်ရော အသံရောအပြင်တခြားသော Game Features တွေကကောင်းမွန်တာမို့ သင်ကိုယ်တိုင်ကစားကြည့်ရင်ပိုသိပါမယ်။ အခုပဲ စုံထောက်အလုပ်လုပ်ဖို့ သင်ရဲ့စုံထောက်ပစ္စည်းတွေကိုအခုပဲ ယူလိုက်ပါတော့။ Online Game တစ်ခုဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။