လက်ရှိရုံတင်ပြသနေတဲ့ "လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်" ဇာတ်ကားလက်ကမ်းကြော်ငြာ စာရွက်နဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိနေသလို၊ ဒါရိုက်တာညိုမင်းလွင်ဖေ့ဘွတ်မှတစ်ဆင့်လာရောက်မေးမြန်းထားမှုတွေရှိနေတာကိုတွေ့ရပါတယ်။အဆိုပါပြောဆိုမှုတွေနဲ့မေးမြန်းမှုတွေအပေါ် ဒါရိုက်တာညိုမင်းလွင်ကိုယ်တိုင်ဖေ့စ်ဘွတ်ကနေတစ်ဆင့် သေသေချာချာရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဒါရိုက်တာညိုမင်းလွင်က “ကျွန်တော်ကိုယ်တိုင်ကတော့ ဒီလိုအတွေ့အကြုံကို ဖွ စရာလို့တခါမှမစဉ်းစားမိပါဘူး၊

ကြော်ငြာက ကျွန်တော်စီစဉ်တာမဟုတ်တဲ့အတွက် ကြော်ငြာပါအကြောင်းအရာအားလုံးကိုလည်း တာဝန်မယူထားပါဘူး၊

မှန်တယ်၊မှားတယ် ဆိုတာကို ပရိသတ်များရဲ့သဘောဆန္ဒအလျောက် လွတ်လပ်စွာယူဆခွင့်ရှိပါတယ်၊

ဒီကားကိုရိုက်တဲ့ဒါရိုက်တာတစ်ယောက်အနေနဲ့မဟုတ်ပဲ အပြင်ပရိသတ်တစ်ယောက်နေရာကနေ စဉ်းစားမယ်ဆိုရင်တော့ လူစိတ်ဝင်စားမှုအပေါ်မှာ တစ်ရာ ရာခိုင်နှုန်းအခြေတည်ထားတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လူစိတ်ဝင်စားအောင်ကြော်ငြာတာကို ဘယ်သူကပဲလုပ်သည်ဖြစ်စေ မမှားဘူးလို့ပဲ မြင်မိပါတယ်၊

စိတ်ဝင်စားပြီး ရုံထဲရောက်သွားခဲ့ပြီးတော့မှတကယ်တမ်းမှာ ဇာတ်ကားက ပြီးစလွယ်၊ဖြစ်ကတတ်ဆန်းနဲ့ ဆူလွယ်နပ်လွယ် လုပ်စားထားရင်တော့ အဲဒါအကြီးမားဆုံးအပြစ်ဖြစ်သွားပါပြီ၊

လူစိတ်ဝင်စားအောင်ကြော်ငြာတဲ့အထိ မမှားသေးပေမယ့် စိတ်ဝင်စားမှုသက်သက်ကိုဗန်းပြပြီး ဇာတ်ကားကိုဖြစ်သလိုလုပ်ထားတာမျိုးဆိုရင်တော့ ပရိသတ်ပိုက်ဆံကို ညာယူတာနဲ့အတူတူပါပဲ...

ကျွန်တော်အဲဒါမျိုးတော့ ဘယ်တော့မှအဖြစ်မခံပါဘူး” လို့ ဖေ့စ်ဘွတ်ပေါ်ကနေပရိသတ်တစ်ယောက်ရဲ့အမေးကိုအခုလိုပြန်လည်ဖြေကြားထားတာပါ။

“ လူများကို ခြောက်လှန့်ရန်တစ္ဆေတစ်ကောင်ကို အလိုရှိနေပါသည်”ဇာတ်ကားကြီးကို ၁၂.၅.၂၀၁ရရက်မှ စတင်ကာပြည်တွင်းရုပ်ရှင်ရုံတွေမှာပြသနေတဲ့ဇာတ်ကားပါ။

ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတင်ဆက်ထားပြီးမင်းမော်ကွန်း၊နိုင်းနိုင်း၊ထွန်းထွန်း၊ကျော်ကျော်ဗို၊ဇော်ဇော်အောင်၊သင့်ဇာဝင့်ကျော်၊စံရတီမိုးမြင့်တို့ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားပါ။

ကဲသင်ရော…“ လူများကို ခြောက်လှန့်ရန်တစ္ဆေတစ်ကောင်ကို အလိုရှိနေပါသည်”ဇာတ်ကားကြည့်ပြီပြီးလား….?

Source: ညိုမင်းလွင်ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။