စphoto credit - google

အားလုံးမျှောင်လင့်စောင့်စားခဲ့ကြရတဲ့ 7.23 Outlander Update ထွက်ရှိတဲ့အခါမှာတော့ အမေ့လျော့ခံဖြစ်နေတဲ့ hero တွေထဲကတစ်ကောင်ဖြစ်တဲ့ MEDUSA ကို တော်တော်လေး ပြောင်းလဲ ပေးထားတာတွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ Medusa ရဲ့ intelligence gain ကို 2.6 ကနေ 3.4 ထိတိုးပေးထားပါတယ်။

Skill 2 Mystic Snake ထိတဲ့သူတွေဟာဆိုရင်လည်း 30 % movement slow သွားမှာဖြစ်သလို 50 % trun rate လည်း slow သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အရင်တုန်းကလိုမျိုး Mystic Snaker ဟာ enemy hero တွေဆီက mana ခိုးသွားတော့မှာတော့ မဟုတ်ပါဘူး။

Ulti Stone Gaze duration ကိုတော့ 5/6/7 ကနေ 5/5.5/6 ကိုလျော့ချခဲ့သလို Stone Gaze damage amplification ကိုလည်း 50% ကနေ 40/45/50% အဖြစ်ပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့် Stone Gaze ဖွင့်ထားတဲ့အချိန်မှာ Medusa ဟာ 25% movement speed တိုးလာမှာဖြစ်သလို Stone Gaze range ကလည်း အရင် 1000 ကနေ အခု 1200 ထိတိုးမြင့်လာခဲ့ပါပြီ။

Level 10 talent တစ်ခုဖြစ်တဲ့ +15 damage ကိုလည်း +20 အထိတိုးပေးထားပါတယ်။

နောက်ထပ် Level 10 talent တစ်ခုဖြစ်တဲ့ 15% Evasion ကိုလည်း 20% ထိတိုးမြှင့်ပေးထားပါတယ်။

Level 15 talent +30 attack speed ကိုလည်း + 40 ထိတိုးမြှင့်ပေးထားပါတယ်။

Late game မှာတော်တော်လေး ကြမ်းတဲ့ Medusa လို hero မျိုးကို attack speed တွေ movement speed တွေတိုးပေးထားတာဆိုတော့ Medusa တစ်ခေတ် ပြန်ရောက်လာတော့မှာလား ??????

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။