ဘဏ်ဝန်ထမ်းကိုယ်တိုင်က ပိုက်ဆံအတုပြုလုပ်မှုဖြင့် အဖမ်းခံရ

KBZ ဘဏ်၏ ဘဏ်ခွဲတစ်ခုဖြစ်သော ဘားအံ ဘဏ်ခွဲ (၂) မှ ဝန်ထမ်းတစ်ဦး အား ငွေစက္ကူအတု ပြုလုပ်မှုဖြင့် ဖမ်းဆီး ပြီး ဆက်စပ်ပစ္စည်းများအား

သိမ်းဆည်းလျှက်ရှိကြောင်း သိရပါသည်။ ဒီသတင်းနဲ့ပတ်သက်ပြီး facebook လူမှုကွန်ယက်ပေါ်တွင်လည်း ဝေဖန်မှုများ အမျိုးမျိုးထွက်ပေါ်ခဲ့သည်။

ဘဏ်ဝန်ထမ်းကိုယ်တိုင်က ပိုက်ဆံအတုလုပ်သဖြင့် ဒီပိုက်ဆံအတုတွေ ဘဏ်ကငွေလွှဲငွေထုတ်များတွင် မည်မျှပါဝင်သွားသလည်းက မေးခွန်းထုတ်စရာပင်ဖြစ်သည်။

ဘဏ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုများကောလဟောလများ ထွက်ပေါ်လာချိန်တွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ငါ့ပိုက်ဆံတစ်သောင်းတန်ကို အတုပါဆိုပြီး သုံးမရအောင်အပေါက်ဖောက်လိုက်တာလည်း ဒီဘဏ်ပဲ။

ခု ပိုက်ဆံအတုတွေလုပ်တဲ့သူကိုမိတယ်ဆိုတော့လည်း ဒီဘဏ်ကဝန်ထမ်းပဲ။

ဆိုတော့...

ငါတို့က ဘာတွေလား၊ ညာတွေလားပေါ့။

မှတ်မိသေးတယ်။

အဲ့ဒီတစ်သောင်းတန်အပေါက်ဖောက်ခံရတဲ့ပို့စ်တင်တုန်းက ထည့်ရေးမိတယ်။

အဲ့ဒီဘဏ်ကဝန်ထမ်းတွေကိုယ်တိုင် ငွေစက္ကူအတုတရွက်တလေများ ကိုယ့်ပိုက်ဆံထဲမယ်ပါလာခဲ့ရင် ခုလိုပဲဖျက်ဆီးကြမှာလားလို့မေးမိတော့ ကက်ကက်လန်အောင်ပြန်မန့်ကြပါရဲ့။ (ဘဏ်ဝန်ထမ်းတွေပဲ မှတ်ပါရဲ့) ဖျက်ဆီးမှာပါဆင့်၊ ဖျက်ဆီးမှာပါဆင့် ဆိုပဲ။

အေးပါကွာ။

ဒါက လူတစ်ဦးချင်း တစ်ယောက်ချင်းစီနဲ့ဆိုင်တာ။ ဘဏ်နဲ့မဆိုင်ပါဘူးဆိုတာလေးလည်း လာမန့်ကြပါဦးဟုလည်း ကို Okka Kyi Win မှ သူ့ထင်မြင်ချက်ကို

ရေးသားဖော်ပြခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။