တပ်ကြပ်ကြီးမိုက်ကယ်ရဲ့ အုတ်ဂူကို သန်လျဉ်ပျဉ်ထောင်ကျော်ငး သုသာန်သို့ပြောင်း

မိုက်ကယ့်ကို အကောင်းမွန်ဆုံး နေရာကို အေးချမ်းစွာပြောင်းရွှေ့ထားလိုက်ပါပြီ

နိုင်ငံတော်အဆင့် ကလေး ကိုကျွန်တော်တို့တိချစ်သူတွေဝိုင်းဝန်းပြီး FBD အဖွဲ့ကနေတာဝန်ယူပြီး ခန့်ထည်တဲ့ဂူကြီးထဲမှာ အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်အောင် စီမံထားပါတယ်

၁၅/၅/၂၀၁၇ မိုက်ကယ့်တစ်လပြည့်ကျရင် ကျွန်တော်တို့ FBD အဖွဲ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲနဲ့ မိုက်ကယ့်ဂူကိုသွားရောက်ဂုဏ်ပြုပွဲ ကို တက်ရောက်ကြပါလို့လည်းဖိတ်ပါတယ်

ကလေးရဲ့ဂူလေးကို အကောင်းဆုံးဖြစ်အောင် စီမံပေးခဲ့ရလို့လည်း ဘဝမှာအမှတ်တရဖြစ်ခဲ့ပါပြီ

အားလုံးကိုကျေးဇူးတင်ပါတယ် လို့ ကိုတင်ထွန်းနိုင်က ရေးသား ဖော်ပြထားပါတယ်။ သတင်းများအရ

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး မိုင်းရှာဖွေရေး တပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုင်းရှာဖွေရေးခွေး တပ်ကြပ်ကြီး မိုက်ကယ်ရဲ့ အုတ်ဂူကို မေလ (၁၂) ရက်နေ့က သန်လျင်ပျဉ်ထောင်ကျောင်း သုသာန်ကို ပြောင်းရွေ့ခဲ့တယ်လို့ သိရပါတယ်။ မိုက်ကယ်ရဲ့ အုတ်ဂူကို တိရိစ္ဆာန်ချစ်သူများ အဖွဲ့ နဲ့ For Brave Dog အဖွဲ့ ကနေ ဝိုင်းဝန်းပြောင်းရွေ့ပေးခဲ့တာဖြစ်ပါတယ်။

အရင်က မိုက်ကယ်ရဲ့ အုတ်ဂူကို မိုက်ကယ်ကိုထိန်းကြောင်းလေ့ကျင့်စောင့်ရှောက်ပေးတဲ့ မိုင်းရှာဖွေရေး တပ်ဖွဲ့က မိုက်ကယ်ရဲ့ သခင် ဒုတပ်ကြပ် အောင်ဖိုက် နေထိုင်ရာ

လိုင်းခန်းရဲ့ နောက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လိုင်းခန်းနောက်မှာမြုပ်ထားတဲ့အတွက်နောက်ပိုင်းလူတွေေ့ပာင်းလာရင်မကြိုက်မှာစိုးတာရယ် ၊ အမှတ်တရလေးတွေသေချာပြုလုပ်နိုင်တဲ့နေရာရွှေ ့ပြောင်းပေးတာဖြစ်ပါတယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။