ကိုရီးယားမလေး မြန်မာသီချင်းဆိုသောအခါ

ဟန်နာဆိုထားတဲ့ ဒေါသစိတ်လေး ၃၆၀ မိနစ်သီချင်းလေးပါ။ ကိုရီးယားမလေးလို့ မထင်ရလောက်အောင်ဘဲနော်။

မြန်မာသီချင်းလည်း ပီပီသသဆိုနိုင်ပြီး ချစ်ဖို့အရမ်းကောင်းပါတယ်။ မြန်မာပြည်က သူ့ရဲ့ ဒုတိယအိမ်ပါလို့လည်း ပြောထားပါတယ်။

သူမက ကိုရီးယားက Hannah Lim ဖြစ်ပြီး ၁၀၀%ကိုရီးယားလူမျိုးပါ

ကိုရီးယားမှာလည်း မော်ဒယ်အဖြစ် လုပ်ပြီး တခါတလေ ကိုရီးယားရုပ်သံလှိုင်းတွေမှာလဲပါဝင်ပါတယ်. ကိုရီးယားမှာ မင်းသမီးဖြစ်ဖို့ကိုလဲ အစီအစဉ်ရှိပါတယ်. အခြား model တွေအတွက် ဓာတ်ပုံရိုက်တာ မိတ်ကပ်ပြင်တာတွေကိုလဲလုပ်ပါတယ်.

အခု ဆိုးလ်မြို့က ဂန်နမ်မှာနေပါတယ်ဒါပေမယ့် ၂၀၁၅မေလကနေ ၂၀၁ရဇန်နဝါရီထိရန်ကုန်မှာ နေခဲ့ဖူးပါတယ်. မြန်မာနိုင်ငံမှာနေတုန်းက မြန်မာပြည်ကိုအရမ်းချစ်တဲ့အတွက် ကိုရီးယားပြန်ပြီးတဲ့နောက်မှာပါ နောက်တစ်ခါပြန်လာလည်တာပါ. နောက်လဲ မကြာမကြာလာဦးမှာပါ. ပြီးတော့ နောက်တစ်ခါက ဇူလိုင်လမှာဖြစ်မယ်ထင်ပါတယ်. မြန်မာပြည်ကသူငယ်ချင်းတွေနဲ့ အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်. ဒါကြောင့်လဲ မြန်မာကိုချစ်ပြီး မြန်မာစကားကိုလေ့လာတာပါ.

မြန်မာစာလေ့လာသလိုမျိုး ဝါသနာတွေလဲလုပ်နေတယ် မိတ်ကပ်တွေစမ်းသပ်တာလဲလုပ်တယ် ခရီးတွေလဲသွားတယ်လို့လည်း သူမကရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။