ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသော အကြိမ် ၃၀ မြောက် ၂၀၁၉ ဆီးဂိမ်းစ် ပြိုင်မှာ မြန်မာနိုင်ငံ အပါအဝင် အခြားသော နိုင်ငံများကအားကစားသမားများစွာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ယခုလို ဆီးဂိမ်းစ်ပြိုင်ပွဲမှာဆိုရင်တော့ နိုင်ငံများက ကစားသမားတွေကလည်း မိမိတို့နိုင်ငံရဲ့ဂုဏ်ဆောင်ဖို့အတွက် စိတ်ဓာတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကျမှာပါ။မြန်မာအသင်းသူ၊ အသင်းသားများကလည်း မြန်မာ့ ပရိသတ်တွေကို ရလဒ်ကောင်းများစွာရရှိနိုင်ရေးအတွက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Photo Credit - MFF
Photo Credit - MFF

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကတော့ ဘောလုံးပွဲစဉ် လက်မှတ်များကို ဖိလစ်ပိုင်ရောက် မြန်မာပရိသတ် များအတွက် အခမဲ့ ဝေငှပေးသွားမည် ဖြစ်ပါတယ်။ MFF အနေဖြင့် အိမ်ရှင်ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး ထံမှ လက်မှတ်များ ဝယ်ယူထားတာ ဖြစ်ပြီး ပွဲနေ့များတွင် အထူးတန်း ပွဲကြည့်စင် ဂိတ်ဝင်ပေါက်များတွင် ပွဲချိန်မတိုင်မီ ၁ နာရီအလိုမှ စတင်ပြီး ပရိသတ်များအား လက်မှတ်ဝေငှပေးသွားမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ရှိ မြန်မာပရိသတ်များ အနေဖြင့် ရိုးရိုးတန်း ပွဲကြည့်စင်တွင် ထားရှိမည့် နိုင်ငံတော်အလံကြီး အနီးတွင် စုစည်းကြပါရန်နှင့် နိုင်ငံတော်သီချင်းကို အတူတကွ သီဆိုချင်းပြီ Myanmar Myanmar We are Myanmar အားပေးသံများဖြင့် အားပေးခြင်းတို့အတွက် ပါဝင်ကူညီကြပါရန်လည်း MFF ကဖိတ်ခေါ်ထားပါသေးတယ်။

Photo Credit - MFF

ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ၂၂ အသင်းနှင့် တီမော ယူ၂၂ အသင်းတို့ ပွဲစဉ်အား လာရောက်အားပေးမည့် ဖိလစ်ပိုင်ရောက် မြန်မာ ပရိသတ်များ အနေဖြင့် အထူးတန်းဝင်ပေါက်တွင် လက်မှတ်များ ရယူနိုင်မည် ဖြစ်ပြီး ဖုန်းနံပါတ် +63 9272123580 သို့လည်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ယခုပွဲမှာတော့ဆိုရင် မြန်မာပရိသတ်တွေအနေ နဲ့ ထပ်တူူကျနိုင်တဲ့ ပွဲလေးတစ်ပွဲလည်းဖြစ်လာမှာပါ။ ဖိလစ်ပိုင်ရောက်မြန်မာ ပရိသတ်တွေအတွက် MFF ကနေ လက်မှတ်များကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းကိုပြန်လည်း ဝေမျှပေးလိုက်ပါတယ်။

Photo Credit - MFF
Photo Credit - MFF

Source -  MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။